#Health_Society
Published 16 June 2022

ကနေဒါကမ္ဘာကျော်အဆိုတော်'ဂျက်စတင်ဘီဘာ'ဟာ ကြောက်စရာကောင်းတဲ့ ရောဂါလက္ခဏာတစ်ခုခံစားနေရတာကြောင့် သူ့ရဲ့ဖျော်ဖြေရေးခရီးစဉ်များဖျက်သိမ်းလိုက်ရကြောင်း အင်စတာဂရမ်ကနေ အသိပေးခဲ့ပါတယ်။

 

ရောဂါစစ်ဆေးရာမှာ Ramsay Hunt Syndrome ရှိနေကြောင်းတွေ့ရှိခဲ့ပြီး သူ့ရဲ့နားရွက်နဲ့မျက်နှာကြွက်သားနေရာတွေမှာ ထိခိုက်ခံစားနေရတာဖြစ်ပါတယ်။

 

Ramsay Hunt Syndrome ဆိုတာက အရင်တုန်းက ရေကျောက်ရောဂါဖြစ်ဖူးတဲ့သူတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။

 

ရေကျောက်ရောဂါဖြစ်တုန်းက ဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲမှာကျန်ခဲ့ပြီး အချိန်ကြာလာတဲ့အခါမှာ တဖန်ပြန်ပြီး ရောဂါလက္ခဏာတွေ ပေါ်ပေါက်စေပါတယ်။

 

The Mayo Clinic ရဲ့ပြောကြားချက်အရ အဓိကအားဖြင့်လက္ခဏာ ၂ ရပ်ဖြစ်ပေါ်နိုင်ပြီး နားတစ်ဖက်တဝိုက်မှာ နာကျင်ရတဲ့အဖုလေးတွေထွက်ပေါ်တတ်ခြင်းနဲ့ ရောဂါပိုးကူးစက်တဲ့နားရွက်ဘက်က မျက်နှာတစ်ခြမ်းမှာ ကြွက်သားတွေအားနည်းသွားခြင်းတို့ ဖြစ်ပါတယ်။

 

'ဂျက်စတင်'ကတော့ မျက်နှာလေ့ကျင့်ခန်းတွေပြုလုပ်နေပြီး မကြာခင်ပုံမှန်ပြန်ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

 

Ramsay Hunt Syndrome ဟာ အသက် ၆၀ အောက်လူတွေမှာ အလွန်အဖြစ်နည်းပါးပါတယ်။

ဗိုင်းရပ်စ်ကူးစက်ထားတဲ့လူက ရေကျောက်မဖြစ်ဖူးတဲ့သူနဲ့ ကာကွယ်ဆေးထိုးထားတဲ့သူ အနီးနားမှာ မရှိဘူးဆိုရင် မကူးစက်နိုင်ပါဘူး။

 

ဒါကြောင့် ရောဂါကူးစက်ထားသူအနေနဲ့ ကလေးငယ်များ၊ ကိုယ်ဝန်သည်များ၊ ကိုယ်ခံအားချို့တဲ့သူများအနီးမှာ မနေထိုင်သင့်ကြောင်း အကြံပြုထားပါတယ်။

 

ရောဂါကူးစက်ကြောင်းစောစောသိရရင် Ramsay Hunt Syndrome ရောဂါလက္ခဏာခံစားရခြင်းကနေ သက်သာနိုင်ချေများပါတယ်။

 

ဒီရောဂါကိုကုသဖိုအတွက် ဗိုင်းရပ်စ်ပိုးသတ်ဆေးတွေနဲ့ ကော်တီကိုစတီးရွိက်တွေ သုံးစွဲရတတ်ပါတယ်။

 

'ဂျက်စတင်ဘီဘာ'ဟာ ၂၀၁၉ ခုနှစ်တုန်းက စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ရောဂါအခြေအနေများခံစားခဲ့ရကြောင်း ဖွင့်ဟပြောဆိုခဲ့ဖူးပါတယ်။

 

၂၀၂၀ တုန်းကလည်း နာတာရှည် Lyme ရောဂါနဲ့ Epstein-Barr ဗိုင်းရပ်စ်ကူးစက်မှုကိုလည်း ခံစားခဲ့ရပါတယ်။

 

၂၀၂၂ ဖေဖော်ဝါရီလတုန်းက 'ဂျက်စတင်'နဲ့ သူ့ဇနီးဖြစ်သူ'ဟေလေ'တို့ဟာ ကိုဗစ်ရောဂါကူးစက်ခံခဲ့ရပြီး ဖျော်ဖြေရေးခရီးစဉ်ကိုရပ်နားခဲ့ရပါသေးတယ်။

 

Source: The Sun
#Yangon_Media_Group