Published 12 June 2022

လန်ဒန်မြို့တော်မှာ “ ငယ်သော်လှ၏” ဆိုတဲ့ ပြပွဲတစ်ရပ်ကို ခင်းကျင်းပြသနေရာ အဲဒီပြပွဲမှာ ပြည်တွင်းနှင့် နိုင်ငံတကာ ပန်းချီပန်းပုအနုပညာရှင် ၃၃ဦးက သူတို့ရဲ့ အသေးစားပုံံစံမျိုးစုံ ၁၄၃ မျိုးကိုပြသကြပါတယ်။

ဧည့်သည်တွေဟာ သူတို့ရဲ့ အသေးစားပုံတူကလေးတွေရဲ့အသေးစိတ်လက်ရာတွေကိုကြည့်ရှုပြီး ချီးမွမ်းကြပါတယ်။ အဲဒီလက်ရာတွေထဲမှာ နံရံတွေပေါ်က စက္ကူခေါက်လက်ရာတွေ၊ ဂရီတာ သန်းဘတ်ခေါင်းလောင်း ရုပ်တုကလေး၊အဆောက်အအုံပုံစံတူကလေးတွေ စသဖြင့် အများကြီးဖြစ်ပါတယ်။

အဲဒီအပြင် တောက်ပတဲ့ ရောင်စုံသကြားလုံးကလေးတွေနှင့်လုပ်ထားတဲ့ ပုံစံတူကလေးတွေကိုကြည့်ရတာမှာလည်း အံအားသင့်စရာ ပျော်ရွှင်စရာဖြစ်ပါတယ်။

“အရာကိစ္စတွေကိုပြောင်းလဲပစ်ဖို့ ကြိုးစားနေကြတဲ့ ကျွန်မတို့အကြားက လူကောင်ကလေးတွေကို ထောက်ခံအားပေးတာကို ပြသတာဖြစ်တယ်လို့  ပြပွဲမှာ ပုံစံတူအသေးကလေးတွေလာပြတဲ့ ပန်းပုဆရာမ လီဇာ ဆွာလင်းက ပြောပါတယ်။

ဒီပြပွဲကို တောင်ကန်ဆင်တန်မှာ ဇူလိုင်အထိပြသထားမှာဖြစ်ပါတယ်။

Source: AFP