Published 12 June 2022

နိုင်ငံတကာ ဘောလုံးအားကစားသမားတစ်ဦးဖြစ်တဲ့ ခရစ်စတီယာနို ရိုနယ်လ်ဒိုအပေါ် နီဗားဒါးပြည်နယ်က အမျိုးသမီးတစ်ဦးက အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး တိုင်တန်းခဲ့တဲ့ အမှုကို စွပ်စွဲသူရဲ့ ရှေ့နေဟာ ရိုးသားမှုမရှိဘဲ လိမ်ညာပြုမူခဲ့တဲ့အတွက် ဖက်ဒရယ်တရားသူကြီးတစ်ဦးက ပယ်ချလိုက်ပါတယ်။

သောကြာနေ့ကချမှတ်တဲ့အမိန့်ထဲမှာ အမေရိကန် ဒိစတြိတ်တရားသူကြီး ဂျနီဖာဒေါဆေးက ရိုနယ်လ်ဒိုနှင့် ကိုယ်ဟန်ပြမယ်ဟောင်း ကက်သရင်းမာရော်ဂါတို့အကြား တရားမမှုကို ပယ်ချလိုက်တာဖြစ်ပါတယ်။ တရားသူကြီး ဒေါဆေးက မာရောဂါရဲ ရှေ့နေ လက်စလီစတိုဗယ်လ်ကို “ ဒီအမှုကိုစွဲချင်တင်ဖို့ ခိုးယူထားပြီး တစ်ပန်းသာအောင်လုပ်ထားတဲ့ စာရွက်စာတမ်းတွေကို ထပ်ခါအသုံးပြုခဲ့တဲ့အတွက် ရှုတ်ချလိုက်ပါတယ်။

“ ဒီစာရွက်စာတမ်းတွေကို ရယူပြီး ဆက်လက်အသုံးပြုတာဟာ လိမ်ညာဖို့ကြံရွယ်ဆောင်ရွက်တာဖြစ်တယ်။ စတိုဗယ်ကို သာမာန်ပယ်ချလိုက်ရုံနှင့် ရိုနယ်လ်ဒိုအပေါ် အခြေအမြစ်မရှိစွပ်စွဲတာကို ပျောက်ကင်းစေမှာမဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့ မလျော်ကန်တဲ့ စာရွက်စာတမ်းတွေနှင့် လျှို့ဝှက်အကြောင်းအရာတွေဟာ မာရော်ဂါရဲ့ စွပ်စွဲချက်ထဲ ရောယှက်ထားလို့ ဖြစ်တယ်” လို့ တရားသူကြီးက ပြောပါတယ်။

အဲဒါကြောင့် ဒေါဆေးက အခြေအမြစ်မရှိတဲ့ တရားစွဲဆိုမှုအဖြစ်ပယ်ချလိုက်ပါတယ်။ မာရော်ဂါဟာ ဒီတရားရုံးတစ်ခုတည်းမှာ ထပ်ပြီး အမှုဖွင့်လို့မရတော့တာဖြစ်ပါတယ်။

၂၀၀၉ခုနှစ်တုန်းက သူတို့နှစ်ဦး နိုက်ကလပ်တစ်ခုမှာတွေ့ပြီးနောက် ရိုနယ်လ်ဒိုဟာ အဓမ္မပြုကျင့်ခဲ့တယ်။ အဲဒီနောက် သူ့ဟိုတယ်ကို ပြန်လာတယ်လို့ မာရော်ဂါက စွပ်စွဲခဲ့တာပါ။ ရိုနယ်လ်ဒိုရဲ့ ရှေ့နေအဖွဲ့က အဲဒီကိစ္စဟာ နှစ်ဦးသဘောတူ ဖြစ်ခဲ့တာလို့ တုန့်ပြန်ခဲ့ပါတယ်။

မာရော်ဂါဟာ ၂၀၁၈ခုနှစ်မှာ နီဗားဒါးတရားရုံးတစ်ခုမှာ ကနဦး အမှုဖွင့်ခဲ့ပါတယ်။ နောက်နှစ်မှာအဲဒီအမှုကို ရိုနယ်ဒိုဟာ လျှို့ဝှက်စာရွက်စာတမ်းတွေကို ဂျာမန်မီဒီယာတစ်ခုထံ ပေါက်ကြားခဲ့လို့ သဘောတူညီချက်ကို ချိုးဖောက်ခဲ့တယ်ဆိုကာ ဖက်ဒရယ်တရားရုံးဆီ လျှောက်ထားခဲ့ပါတယ်။

ရိုနယ်လ်ဒိုက အေးအေးဆေးဆေးနေပေးဖို့ဆိုပြီး သူမကို ဒေါ်လာ သုံးသိန်း ခုနှစ်သောင်းငါးထောင်ပေးဖို့ သဘောတူခဲ့ပါတယ်။ ရိုနယ်ဒိုအမှုဟာ အထောက်အထားမရှိလို့ ရာဇဝတ်မှုနှင့် တရားမစွဲနိုင်ဘူးလို့ တရားလိုရှေ့နေတွေက ငြင်းပယ်ပြီးနောက် အမှုကို ပြန်ဖွင့်ခဲ့တာဖြစ်ပါတယ်။

Source: Insider