Published 21 August 2021
ဂျပန်ကုမ္ပဏီအများစုက ယခုနှစ်ရွေးကောက်ပွဲပြီးလျှင် လက်ရှိဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒီ ဆူဂါးကို ဝန်ကြီးချုပ်ရာထူးမှာ ဆက်မနေစေချင်ကြဘူးလို့ ရိုက်တာရဲ့စစ်တမ်းအရသိရပါတယ်။ ဒီနှစ်အတွင်းမှာ ကိုဗစ်-၁၉ ကိုကိုယ်တွယ်မှုနှင့် စီးပွားရေး ကျဆင်းမှုတွေကြောင့် သူ့အပေါ်အားမလိုအားမရဖြစ်နေကြတယ်လို့ သတင်းကရေးသားပါတယ်။
 
အချို့ပြည်တွင်းမီဒီယာများရဲ့ စစ်တမ်းမှာပါရှိတဲ့ ဝန်ကြီးချုပ်အပေါ် ထောက်ခံမှု၃၀ရာခိုင်နှုန်းကို ပြီးခဲ့တဲ့ အိုလံပစ်က အထောက်အပံ့ထပ်မပေးခဲ့ပါဘူး။ စစ်တမ်းအရ ဂျပန်ကုမ္ပဏီတွေအားလုံးရဲ့ ၅၈ ရာခိုင်နှုန်းဟာ ဆူဂါးကို ရာထူးမှာ ဆက်မနေစေချင်တော့ပါဘူး။
 
“ ဆန့်ကျင်ဖက်ကို ကျွန်တော်တို့ မမျှော်လင့်နိုင်ပေယ့် အနည်းဆုံးတော့ ဆူဂါးအစိုးရအဖွဲက ပြောင်းသင့်ပါပြီ” လို့ သတင်းအချက်အလက် ဝန်ဆောင်မှုကုမ္ပဏီက မန်နေဂျာတစ်ဦးက စစ်တမ်းမှာဖြေထားပါတယ်။
 
တကယ်လို့ ရွေးကောက်ပွဲကနေတစ်ဆင့် လက်ရှိပါတီကအာဏာထပ်ရကြဦးတော့၊ သူ့ရဲ့ညွန့်ပေါင်းတွေ အမတ်နေရာ အလုံအလောက်မရရင် ဆူဂါး ရာထူးကဆင်းရဖို့ ဖိအားတွေရှိလာနိုင်တယ်” လို့ အချို့သော သုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။
 
ကိုရိုနာဗိုင်းရပ်စ်အပေါ်တုန့်ပြန်ဆောင်ရွက်မှုနှင့် မူဝါဒချမှတ်သူတွေရဲ့ အရည်အချင်းနှင့် ပြောရမယ်ဆိုရင်တော့ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီကို ရွေးကောင်းရွေးနိုင်တယ်” လို့ ဓာတုထုတ်လုပ်ရေးဆိုင်ရာ မန်နေဂျာတစ်ဦးက ရေးပါတယ်။
 
အဲသလိုဆိုလို့ အာဏာရပါတီ အမတ်နေရာပိုပြီးရသင့်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ အများစုအရေအတွက်ထက် နည်းနည်း လေးသာပိုပြီးနိုင်စေချင်တာပါ။ဒါမှ အရေးတကြီးဆိုတဲ့ ခံစားမှု ပြန်ရကြမှာ လို့ သူကရေးပါတယ်။
 
အားကောင်းတဲ့ နောက်အဖွဲ့တွေမရှိလို့ ရွေးကောက်ပွဲက တစ်ဆင့် အာဏာအပြောင်းအလဲကို ကုမ္ပဏီ အနည်းငယ်က မျှော်လင့်နေပါတယ်။ ဒါပေမယ့် တော်တော်များများကတော့ လက်ရှိလူတွေ အမတ်ထိုင်ခုံတွေ ဆုံရှုံးလိမ့်မယ်လို့ ခန့်မှန်း တွက်ချက်ထားကြပါတယ်။
ဒီလေ့လာဆန်းစစ်မှုကိုအကြီးစားနှင့် အလတ်စား ဘဏ္ဍာရေးကုမ္ပဏီတွေမဟုတ်တဲ့ လုပ်ငန်းတွေကို မေးကြည့်ခဲ့တာ ဖြစ်ပြီး အဲဒီထဲကတစ်ဝက်နီးပါးက အမည်နာမ မဖော်ဘဲ ဖြေပေးခဲ့ကြတာဖြစ်ပါတယ်။
 
ဆူဂါးရဲ့ခေါင်းဆောင်မှုအပေါ် သံသယတွေ နက်ရှိုင်းလာတာနှင့်အမျှ စစ်တမ်းရဲ့သုံးပုံတစ်ပုံက ညွန့်ပေါင်းအနေနှင့် အမတ်နေရာတော်တော်များများ လက်လွှတ်ရလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။
 
ဆူဂါးနေရာ ဘယ်သူဆက်ခံသင့်သလဲဆိုတော့ မေးခွန်းကိုတော့ ထိပ်ဆုံးမှာရှိနေတာက လူကြိုက်များတဲ့ ဟောဟောဒိုင်းဒိုင်းပြောတတ်တဲ့ ကာကွယ်ဆေးဝန်ကြီး တာရိုကိုနိုကို ဖြစ်ပါတယ်။ ကုမ္ပဏီ၃၉ရာခိုင်နှုန်းက သူ့ကိုရွေးခဲ့တာပါ။သူ့ရဲ့အနောက်မှာ ကာကွယ်ရေးဝန်ကြီးဟောင်း ရှီဂါရုအီရှီဘားနှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဖူမီယိုကစ်ရှီဒါတို့ရှိနေကြောင်း ဂျပန်တိုင်းမ်သတင်းမှာ ဖော်ပြထားပါတယ်။
 
Source: Japan Times