Published-21 August 2021
ကာကွယ်ဆေးနှစ်မျိုးစလုံးဟာ ဒယ်လ်တာ မျိုးဗီဇကွဲအပေါ် ထိရောက်နိုင်မှု နည်းပါးပေမယ့် “ဖိုက်ဇာ” ဘိုင်အိုအင်တက်ခ် ကာကွယ်ဆေးဟာ အောက်ဖို့ဒ်ရဲ့ “အက်စထရာဇင်နီကာ” ကာကွယ်ဆေးထက် ကိုဗစ်ကိုကာကွယ်နိုင်စွမ်း (အာနိသင်)ပိုပြီးခပ်မြန်မြန်ကျဆင်းတယ်ဆိုတာ တွေ့ရတယ်လို့ ကြာသပတေးနေ့က ထုတ်ဝေတဲ့ အောက်စ်ဖို့ဒ်ရဲ့ လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။
 
ဖိုက်ဇာဟာ ကူးစက်မှုအသစ်တွေအပေါ် ကနဦးထိရောက်မှုမှာ ပိုကြီးမားပေမယ့် အက်စထရာဇင်နီကာ ကာကွယ်ဆေးနှစ်လုံး နှင့် နှိုင်းယှဉ်တဲ့အခါ ကာကွယ်နိုင်စွမ်းကတော့ ခပ်မြန်မြန်ကျဆင်းတာတွေ့ရတဲ့အကြောင်း ယူကေအခြေစိုက် တက္ကသိုလ်က သုတေသန ပညာရှင်တွေက သူတို့ရဲ့တွေ့ရှိချက်ကို ကြေညာခဲ့ကြတာဖြစ်ပါတယ်။
 
ကာကွယ်ဆေးတွေရဲ့ ရှေရှည်အကျိုးသက်ရောက်မှုကို ထပ်ပြီးတော့ လေ့လာမှုတွေဆောင်ရွက်ဖို့ လိုတယ်လို့ ပညာရှင်တွေက ပြောနေစဉ်မှာပဲ ကနဦးတွေ့ရှိချက်အရ ဆေးထိုးပြီး လေးလငါးလမှာ ကာကွယ်ဆေးနှစ်မျိုးလုံးရဲ့ သက်ရောက်မှုကတော့ အတူတူလောက်ဖြစ်လိမ့်မယ် လို့ ဆိုပါတယ်။
 
ဒယ်လ်တာနှင့်ပတ်သက်ရင်တော့ ဖိုက်ဇာနှင့် အက်စထရာဇင်နီကာ ဆေးနှစ်မျိုးစလုံးက ထိရောက်စွာကာကွယ်နိုင်မှု လျော့နည်းတာကိုလည်း ပညာရှင်တွေက တွေ့ခဲ့ကြရပါတယ်။
ဆေးနှစ်လုံးထိုးထားပြီးသော်ငြား ကာကွယ်ဆေးတွေရဲ့ ထိရောက်မှုတွေကကျဆင်းပြီး ဒယ်လ်တာအပေါ် ထိရောက်မှုက ပိုလျော့နည်းတာကို တွေရပေမယ့် ဒယ်လ်တာကို ကာကွယ်ဖို့က ဆေးနှစ်လုံးထိုးတာက အထိရောက်ဆုံးနည်းလမ်းအဖြစ်နှင့်တော့ ဆက်ရှိနေတုန်းပဲလို့ ပညာရှင်တွေက ယုံကြည်ထားကြပါတယ်။
 
လက်ရှိမှာ အက်စထရာဇင်နီကာဟာ ဖိုက်ဇာ၊မိုဒါနာတို့နှင့်အတူ ယူကေမှာ ကျယ်ကျယ်ပြန့်ပြန့်သုံနေကြပေမယ့် အယ်စထရာဇင်နီကာဆေးထိုးပြီးနောက် သွေးခဲတာမျိုး ဘေးထွက်ဆိုးကျိုးအပေါ် ပူပန်မှုတွေရှိလို့ အသက်၄၀အောက် ဆေးမထိုးဖို့ကန့်သတ်ထားခဲ့ပါတယ်။
Source:RT