ကာဘူးလေဆိပ်ကနေ အရေးပေါ်ကယ်ထုတ်ရေးလုပ်နေတာ နောက်ဆုံးရလဒ် ဘယ်လိုထွက်ပေါ်မလဲဆိုတာကို အာမမခံနိုင်ဘူးလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဩဂုတ် ၂၀ ရက်နေ့က ပြောကြားလိုက်ပါတယ်။ အဲဒီလေကြောင်းနဲ့ ကယ်ဆယ်ရတဲ့ စစ်ဆင်ရေးဟာ အခက်အခဲဆုံးတွေထဲက တစ်ခုပဲလို့လည်း သူကဆိုပါတယ်။