Published 21 August 2021
ကိုဗစ်-၁၉ ကို ဟန့်တားဖို့နှင့် ကုသဖို့အတွက် လူလုပ်ပဋိပစ္စည်းကို
အသုံးပြုထားတဲ့ ဗြိတိန်ရဲ့ ပထမဆုံးဆေးကို ဆေးကုသမှု များတွင် အသုံးပြုဖို့ ဗြိတိန်ရဲ့ ဆေးဝါးအာဏာပိုင်အဖွဲ့က သောကြာနေ့ကအတည်ပြုလိုက်ပါတယ်။
 
အဲဒီဆေးက Ronapreve ရိုနာပရီဗီ ဟာ ပထမဆုံး မိုနိုကလိုနယ် ပဋိပစ္စည်း ပေါင်းစပ်ပစ္စည်း ဖြစ်ပြီး ဗြိတိန်နိုင်ငံမှာ စိုးရိမ်ရတဲ့ ကိုဗစ်ကူးစက်မှုတွေကို ဟန့်တားဖို့နှင့်ကုသဖို့ ယူကေ ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုထိန်းသိမ်းရေး အေဂျင်စီMHRA က ခွင့်ပြုလိုက်တာဖြစ်ပါတယ်။
 
မိုနိုကလိုနယ် ပဋိပစ္စည်းတွေဆိုတာ လူလုပ် ပရိုတိန်းတွေဖြစ်ပြီး ခုခံအားစနစ်ထဲက လူသားတွေရဲ့ ပဋိပစ္စည်းတွေလိုပဲ လုပ်ဆောင်ပေးပါတယ်။အခုလို လွတ်လပ်တဲ့ ဆေးဝါးအာဏာပိုင်အဖွဲ့က အတည်ပြုလိုက်တာ ထူးကဲတဲ့သတင်းပါပဲ လို့ ဗြိတိန် ကျန်းမာရေးဝန်ကြီး ဆာဂျစ်ဂျာဗစ် ကပြောပါတယ်။
 
ဒီကုသမှုဟာ ဗြိတိန်ရဲ့ ကမ္ဘာသိကာကွယ်ဆေးအစီအစဉ်နှင့် အသက်ကယ်ကုထုံးတွေဖြစ်တဲ့ ဒီဇက်မက်သာဆွန်း dexamethasone နှင့် တိုဆီလီဇမ်မက်ဘ် tocilizumab တို့အပြင် ကိုဗစ်-၁၉ကို တိုက်ထုတ်ရာမှ နောက်ထပ်လက်နက် တစ်ခုအဖြစ်သိသာထင်ရှားပါလိမ့်မယ်လို့ သူက ဆက်ပြောပါတယ်။
 
အဲဒီဆေးကို အမေရိကန်အခြေစိုက် ရီဂျင်နရွန် နှင့် ဆွစ်ဇာလန် အခြေစစိုက် ရိုချီ တို့ ပူးပေါင်းထုတ်လုပ်တာ ဖြစ်ပါတယ်။ ရိုနာပရီဗီကို ထိုးဆေး သို့မဟုတ် အကြောသွင်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။
 
Ronapreve ဟာ ကျွမ်းကျင်တဲ့ပညာရှင်တွေနှင့် ဆေးပညာရှင်တွေက အချက်အလက်များအပေါ် တိတိကျကျစစ်ဆေးပြီး ဒီကုသမှုဟာ ဘေးကင်းထိရောက်တယ်လို့ ကျေနပ်ကြလို့ ကိုဗစ်ကုသဖို့ ထွက်ပေါ်လာတဲ့ ပထမဆုံးဆေးပါလို့ MHRA ရဲ့ အရည်အသွေးနှင့်စစ်ဆေးရေး ယာယီအရာရှိ ဒေါက်တာဆာမာသာအက်ကင်ဆွန်က ပြောပါတယ်။
 
ဒီဆေးကို သေသေချာ ချာစစ်ဆေးထားပြီးတဲ့အတွက် အရည်အသွေးနှင့် ဘေးကင်းစိတ်ချရမှု၊ထိရောက်မှုတို့မှာ ပြောစရာမလိုဘူးလို့ သူမက ဆက်ပြောပါတယ်။
အက်စထရာဇင်နီကာက သူတို့အနေနှင့် ပဋိပစ္စည်းဆေးဝါးကုထုံးတစ်ခုကို ကျယ်ပြန်တဲ့ သုတေသနလုပ်ထားတယ် ဆိုတဲ့ သတင်းထွက်ပေါ်အပြီးမှာ ဗြိတိန်က Ronapreve ဆေးအသစ်ကို ခွင့်ပြုခဲ့တာဖြစ်ပါတယ်။
Source: News18