Published 20 May 2022

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ မေ၂၀ရက်သောကြာနေ့မှာ တောင်ကိုးရီးယားကို ရောက်ရှိလာပါတယ်။ သူ့ရဲ့တောင်ကိုးရီးယားခရီးစဉ်ဟာ သူ့အတွက် အမေရိကန်ခေါင်းဆောင်တစ်ဦးအနေနှင့် အာရှရဲ့ပထမဆုံးခရီးဖြစ်ပြီး  မြောက်ကိုးရီးယား နျူကလီးယားစမ်းသပ်မှု ကြီးထွားလာနေတဲ့အပေါ် ဒေသဆိုင်ရာ လုံခြုံရေးမဟာမိတ်တွေရဲ့ စိုးရိမ်ပူပန်မှုတွေနှင့်အတူ နှစ်နိုင်ငံ ဆက်ဆံရေးချည်နှောင်ဖို့ဖြစ်ပါတယ်။

သူဟာ တောင်ကိုးရီးယားသမ္မတ ယွန်ဆောက်ယိုနှင့် ဆိုးလ်မြို့အပြင်ဘက် ဆမ်ဆောင်းအဆောက်အအုံမှာ တွေ့ဆုံပါတယ်။

ဘိုင်ဒင်ဟာသူ့ခရီးစဉ်မှာ တစ်နှစ်ရှည်ကြာပြီဖြစ်တဲ့ အမေရိကန်ရဲ့ အာရှမဏ္ဍိုင်ပြုမှုကို ထပ်မံအရှိန်မြှင့်လိုနေပါတယ်။အာရှဒေသမှာ  တရုတ်ရဲ့စီးပွားရေးရဲ့စစ်ရေးပါဝါတွေမြင့်တက်မှုတွေက  ဝါရှင်တန်ရဲ့ကြီးစိုးမှုတွေကို‌ လျှော့ချနေတာဖြစ်ပါတယ်။

သူ့ကို ပြီးခဲ့တဲ့အပတ်ကမှ သမ္မတတာဝန်ယူလာတဲ့ အမေရိကန်လိုလားတဲ့ သမ္မတသစ်ယွန်ဆောက်ယိုက နွေးထွေးစွာကြိုဆိုခဲ့ပါတယ်။ မြောက်ကိုးရီးယားရဲ့ ခန့်မှန်းရခက်တဲ့ ခေါင်းဆောင်ဟာ ဘိုင်ဒင်ရဲ့အာရှခရီးစဉ်အတွင်း နျူကလီးယားစမ်းသပ်မှုတွေလုပ်မှာကိုလည်း စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်။
ကျွန်တော်တို့ဒေသထဲမှာရှိတုန်း ရန်လိုတဲ့ပုံစံတစ်ခုခုလုပ်မယ့် အန္တရာယ်က တစ်ကယ်ရှိနေတာပါ လို့ အမေရိကန်လုံခြုံရေး အကြံပေး ဂျိတ်ဆူလီဗန်ကပြောထားပါတယ်။

ဘိုင်ဒင်က တောင်ကိုးရီးယားကနေ ဂျပန်ကိုဆက်သွားမှာဖြစ်ပြီး ဂျပန်နိုင်ငံမှာ ဩစတြေလျ၊အိန္ဒိယ၊ဂျပန်နှင့်အမေရိကန်တို့ပါဝင်တဲ့ Quad လေးပြည်ထောင်အဖွဲ့ထိပ်သီးအစည်းအဝေးတက်ရောက်မှာ ဖြစ်ပါတယ်။

Source AFP