Published 9 May 2022
ဒုတိယကမ္ဘာစစ်တွင် နာဇီဂျာမနီတို့အပေါ် အောင်နိုင်ခဲ့သည့် ၇၇ကြိမ်မြောက် အခမ်းအနားကို မေ(၉)ရက်နေ့က ရုရှားနိုင်ငံ မော်စကိုမြို့တော်ရှိ ရင်ပြင်နီမှာကျင်းပခဲ့ရာ သမ္မတပူတင်က တက်ရောက်မိန့်ခွန်းပြောပြီး ကာကွယ်ရေးဝန်ကြီး ဆာဂေး ရွှိုင်းဂူးလည်းတက်ရောက်ပါတယ်။

ရုရှားတပ်တွေဟာ ယူကရိန်းမှာ အမိမြေအပေါ် လက်သင့်မခံနိုင်တဲ့ တကယ့်ခြိမ်းခြောက်မှုကြီးကို ကာကွယ်တွန်းလှန် နေကြတယ်လို့ သမ္မတ ဗလာဒီမာပူတင်က မေ၉ရက်နေ့မှာ အောင်ပွဲနေ့ နှစ်ပတ်လည် စစ်ရေးပြ အခမ်းအနားဖွင့်ပွဲမှာ ပြောကြားပါတယ်။

ရုရှားတပ်တွေဟာ ယူကရိန်းမှာ နာဇီဝါဒကို ဆက်လက်ဆန့်ကျင်တိုက်ပွဲဝင်နေကြပြီး ကြောက်စရာ ကောင်းတဲ့ ကမ္ဘာလုံးဆိုင်ရာစစ်ထပ်မဖြစ်အောင် လုပ်စရာရှိတာအကုန်လုပ်ဖို့ အရေးကြီးတယ်လို့လည်း သူက ထောင်ပေါင်းများစွာသော တပ်သားတွေကို ပြောပါတယ်။

အနောက်နိုင်ငံတွေက သတင်းရေးခဲ့ကြသလို  ယူကရိန်းပဋိပက္ခကြီးထွားလာဖို့ ဒီနှစ်ပတ်လည်ပွဲမှာ ပူတင်က တစ်ခုခု ကြေညာမယ်ဆိုတာလည်း ဖြစ်မလာခဲ့ဘဲ သူ့မိန့်ခွန်းမှာ အရေးကြီးတဲ့ကြေညာချက်တစ်ခုမျှပြောမသွားခဲ့ပါဘူး။

“ သင်တို့ဟာ အမိမြေအတွက် အနာဂတ်အတွက် တိုက်ပွဲဝင်နေကြတယ်။ ဒုတိယကမ္ဘာစစ်ရဲ့သင်ခန်းစာတွေကို ဘယ်သူမှ မေ့ပစ်လိုက်မှာမဟုတ်ဘူး” လို့ ယူကရိန်းမှာရောက်နေတဲ့ သူ့တပ်တွေကို ပူတင်က ရည်ညွှန်းပြောဆိုပါတယ်။

ပူတင်က ပဋိပက္ခအတွက် ယူကရိန်းနှင့်အနောက်ကို အပြစ်တင်သွားပါတယ်။ “ကိဗ်နှင့်ယင်းရဲ့မဟာမိတ်တွေဟာ ကျွန်ုပ်တို့ရဲ့ သမိုင်းဝင်မြေတွေကိုကျူးကျော်ဖို့ပြင်ဆင်နေတယ်လို့ သူကပြောပါတယ်။

ကျွန်ုပ်တို့ရဲ့ နယ်စပ်တွေမှာ တိုက်ရိုက်ခြိမ်းခြောက်မှုတွေဖန်တီးတာ လုံးဝလက်ခံလို့မရဘူးလို့ ပူတင်ကပြောပါတယ်။ နေတိုးက ယူကရိန်းအတွက် လက်နက်တွေဖြန့်ပေးနေတာနှင့် နိုင်ငံခြားအကြံပေးတွေ နေရာယူထားကြတာကို သူက ရည်ညွှန်းပြောဆိုတာပါ။

ရုရှားမှာ အခြားနည်းရွေးစရာမရှိဘူးလို့ပူတင်ကပြောပါတယ်။ ဒါပေမယ့် ရန်လိုမှုတွေကို pre-emptive တုန့်ပြန်မှုတွေပဲ လုပ်ဆောင်နေတယ်၊ဒါဟာ အချုပ်အခြာအာဏာ၊တောင့်တင်းခိုင်မာပြီးလွတ်လပ်တဲ့ နိုင်င့အတွက် တစ်ခုတည်းသော မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

တနင်္လာနေ့ကကျင်းပတဲ့ ၇၇ကြိမ်မြောက် ဒုတိယကမ္ဘာစစ်အောင်ပွဲအထိမ်းအမှတ်စစ်ရေးပြအခမ်းအနားကို တပ်အင်အား တစ်သောင်းတစ်ထောက်ကျော်နှင့် စစ်ရေးဆိုင်ရာ ယန္တယားယာဉ်ပေါင်း ၁၃၀ကျော်ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

Source AFP