Published 4 May 2022

ကွန်ဂရက်က ယူကရိန်းအကူအညီတွေပိုပေးဖို့အတွက် အတည်ပြုပေးဖို့  ဧပြီ(၃)ရက်က တင့်ကားဖျက်ဒုံးကျည်တွေထုတ်လုပ်နေတဲ့ အယ်လာဘားမားပြည်နယ်၊ ထရွိုင်းမှာရှိတဲ့  လော့ဟိဒ်မာတင် လက်နက်စက်ရုံကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကသွားရောက်စဉ် ထပ်မံပြောကြားခဲ့ပါတယ်။

“တတိယကမ္ဘာစစ်အန္တရာယ်မဖြစ်စေအောင် ကျွန်တော်တို့မပါဘဲ ယူကရိန်းပြည်သူတွေ သူတို့ကိုယ်တိုင်ခုံခံကာကွယ်နိုင်ဖို့ ခင်ဗျားတို့ဖြစ်အောင်လုပ်ပေးနေကြတယ်”လို့ ဘိုင်ဒင်က စက်ရုံမှာ မိန့်ခွန်းပြောပါတယ်။ ယူကရိန်းကိုကူညီဖို့အတွက် ဥပဒေကြမ်းခပ်မြန်မြန်ြအတည်ပြုပေးဖို့ ဘိုင်ဒင်က တောင်းဆိုလိုက်ပါတယ်။

Source AFP