Published -14 August 2021
အိန္ဒိယကာကွယ်ဆေးထုတ်လုပ်တဲ့ ဘာရက်ဘိုင်အိုတက်ခ်ဟာ သူတို့စမ်းသပ်နေတဲ့ နှာခေါင်းဖျန်း ကိုဗစ်-၁၉ ကာကွယ်ဆေးရဲ့ အလယ်အဆင့်မှ နောက်ဆုံးအဆင့်အထိ စမ်းသပ်ဖို့ ခွင့်ပြုလိုက်တယ်လို့ အိန္ဒိယအစိုးရ၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနက သောကြာနေ့(ဩဂုတ်၁၃)ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
အဲဒီ BBV154 နှာခေါင်းဖျန်းကာကွယ်ဆေးရဲ့ အစောဆုံးအဆင့် စမ်းသပ်မှုတွေကို အသက်၁၈နှစ်နှင့် ၆၀နှစ်အကြားသူတွေနှင့် စမ်းသပ်ပြီးစီးခဲ့ပြီးဖြစ်ပါတယ်။ အဲဒီလိုစမ်းသပ်ရာမှာ ဆေးတွေဟာ ခံနိုင်ရည် ကောင်းကောင်းရှိတယ်ဆိုတာ တွေ့ရတယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
အဲဒီကုမ္ပဏီဟာ ကိုဗက်ဇင်း ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်နေပြီး အဲဒီဆေးကတော့ ထိုးဆေးဖြစ်ပါတယ်။ ကိုဗက်ဇင်းကို အိန္ဒိယမှာအရေးပေါ်သုံးစွဲခွင့်ပြုထားပါတယ်။
“ ဘာရက်ဘိုင်အိုတက်ခ်ရဲ့ BBV154 ဟာ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး နှာခေါင်းအတွင်းကာကွယ်ဆေးဖြစ်ပြီး လူသားနှင့်စမ်းသပ်မှု နောက်ဆုံးအဆင့်ရောက်လာပါပြီ” လို့ ဇီဝနည်းပညာ စက်မှုသုတေသနအထောက်အပံ့ကောင်စီရဲ့ ဥက္ကဋ္ဌ ရီနူးဆွာရပ်က ပြောပါတယ်။
ဘာရက်ဘိုင်အိုတက်ခ်က်တော့ ရိုက်တာသတင်းဌာနရဲ့ အသေးစိတ်အချက်အလက်များရယူလိုမှုအပေါ် မတုန့်ပြန်သေးပါဘူး လို့ သတင်းမှာဖော်ပြထားပါတယ်။
Source: Reuters