#WorldHealth
Published 1 May 2022

 

ဟမ့်ရှိင်းယားဒေသမှ 'ဟယ်ရီမာတာဒင်း'ဆိုသူဟာ သူ့ရဲ့စိတ်ကျန်းမာရေးအခြေအနေကို တိုးတက်ကောင်းမွန်လာအောင် ကြိုးစားချင်နေခဲ့ပြီး ၂၀၁၆ ခုနှစ်ကစတင်ကာ သူ့ရဲ့ကျင်ငယ်ရည် နေ့စဉ်သောက်သုံးနေခဲ့ပါတယ်။

 

'မာတာဒင်း'က သူစွန့်ထားတဲ့ကျင်ငယ်ရည်ကို လအနည်းငယ်ကြာအောင် သိမ်းဆည်းပြီးမှသောက်တဲ့အပြင် မျက်နှာကိုလည်း သုတ်လိမ်းလေ့ရှိတာကြောင့် သူ့ရဲ့ညီမဖြစ်သူက ရွံရှာမုန်းတီးနေတယ်လို့ ဆိုပါတယ်။

 

'မာတာဒင်း'က သူ့ရဲ့ကျင်ငယ်ရည် ၂၀၀ မီလီလီတာကိုနေ့စဉ်သောက်သုံးခြင်းဖြင့် စိတ်အေးချမ်းတည်ငြိမ်လာကာ ချက်ချင်းယူပစ်သလို သက်သာသွားခဲ့ကြောင်း ပြောပြပါတယ်။

 

ဒါ့အပြင် တစ်ခါတလေမှာ စွန့်နေတဲ့ကျင်ငယ်ရည်ခံယူပြီး မျက်နှာပေါ်ပက်ဖျန်းခြင်းဖြင့်လည်း ငယ်ရွယ်နုပျိုပုံပေါ်နေစေကြောင်း ဆိုခဲ့ပါတယ်။

 

ကျင်ငယ်ရည်ဟာ ရေဓာတ် ၉၀ ရာခိုင်နှုန်းပါဝင်ပြီး ကိုယ်ခံအားချို့တဲ့ခြင်းအခြေအနေကနေ နာတာရှည်ရောဂါများအထိ ဝေဒနာအတော်များများပျောက်ကင်းစေတယ်လို့ ထောက်ခံပြောဆိုသူတွေရှိနေပါတယ်။

 

ဒါပေမဲ့လည်း ကျင်ငယ်ရည်သောက်သုံးခြင်းက ကျန်းမာရေးကောင်းကျိုးတွေရရှိစေတယ်ဆိုတဲ့အထောက်အထားမျိုး မတွေ့ရသေးကြောင်း ဆေးပညာရှင်များကသတိပေးထားပါတယ်။

 

ဒီအလေ့အထဟာ အီဂျစ်ကနေပေါ်ထွက်လာတယ်လို့ ယူဆထားကြပြီး ရေဓာတ်လျင်မြန်စွာခန်းခြောက်နိုင်တဲ့အပြင် ဘက်တီးရီးယားတွေဝင်ရောက်နိုင်တယ်လို့ ရှင်းပြထားပါတယ်။

 

နာမည်ကြီးအဆိုတော်'မက်ဒေါနား'နဲ့'ကက်ရှာ'တို့ဟာလည်း ကျင်ငယ်ရည်သောက်တယ်လို့ အရင်ကအဆိုပြုဖူးပါတယ်။

 

လွန်ခဲ့တဲ့ ၆ နှစ်ခန့်က 'မာတာဒင်း'ဟာ ကျန်းမာရေးအတွက်အကျိုးရှိစေတဲ့စာအုပ်ကိုဖတ်ပြီးနောက် ကျင်ငယ်ရည် စတင်သောက်သုံးခဲ့တာဖြစ်ပါတယ်။

 

"စပြီးသောက်လိုက်တဲ့အချိန်မှာ ဒီလောက်ထိရောက်မှုရှိမယ်လို့ မထင်ထားခဲ့ပါဘူး။ ဦးနှောက်တွေနိုးကြားလာပြီး စိတ်ဓာတ်ကျခြင်းပျောက်ကင်းသွားပါတယ်" လို့ ဆိုပါတယ်။

 

'မာတာဒင်း'အတွက် ကျန်းမာရေးအကျိုးကျေးဇူးရရှိခဲ့ပေမယ့် မိသားစုမိတ်ဆွေတွေကြား ရှုတ်ချခံခဲ့ရပါတယ်။

 

သူ့ရဲ့မိသားစုဝင်တွေဆိုရင် အစကတည်းကရွံရှာပြီး လက်မခံခဲ့ဘဲ ညီမဖြစ်သူဆိုရင် စကားတောင်မပြောတော့ပါဘူး။ 'မာတာဒင်း'က အစားလျှော့စားနေခဲ့ပြီး တစ်နေ့ကိုတစ်နပ်သာစားခဲ့ပါတယ်။

 

"လအနည်းငယ်ကြာသိမ်းထားတဲ့ ကျင်ငယ်ရည်သောက်လိုက်ရင် မျက်နှာငယ်ရွယ်နုပျိုစေပြီး မျက်နှာမှာပွတ်လိုက်တယ်ဆိုရင် ချက်ချင်းကိုသိသာလာပါတယ်။ ကျွန်တော့်အတွက်တော့ အရေပြားထိန်းသိမ်းရေးအလှကုန်တွေမလိုအပ်ဘဲ ငယ်ရွယ်နုပျိုနေစေတဲ့လျှို့ဝှက်ချက်ဖြစ်ပါတယ်" လို့ ဆိုပါတယ်။

 

ဝါဝစ်ခ်ရှိင်းယားမှ အထွေထွေရောဂါကုဒေါက်တာ'ဂျက်ဖ်ဖော်စတာ'က ကျင်ငယ်ရည်ဟာ ရေဓာတ် ၉၀ ရာခိုင်နှုန်းပါဝင်တဲ့ စွန့်ပစ်ပစ္စည်းဖြစ်ပြီး ကျန်တာကတော့ အမိုးနီးယား၊ ဘက်တီးရီးယားတွေနဲ့ အခြားစွန့်ပစ်ပစ္စည်းတွေဖြစ်ပါတယ်။

 

ကျင်ငယ်ရည်သောက်သုံးခြင်း ဒါမှမဟုတ် သုတ်လိမ်းခြင်းကလည်း ကျန်းမာရေးကောင်းကျိုးရရှိစေတယ်ဆိုတဲ့ အထောက်အထားမတွေ့ရကြောင်း၊ ပိုဆိုးတာက သောက်တယ်ဆိုရင် ရေဓာတ်အလျင်အမြန်ခန်းခြောက်စေပြီး ဘက်တီးရီးယားတွေဝင်ရောက်လာနိုင်ကြောင်း သတိပေးသွားပါတယ်။

 

Source: DailyMail
#Yangon_Media_Group