Published 29 April 2022

ရုရှားသမ္မတဗလာဒီမာပူတင်ဟာ G20 ထိပ်သီးအစည်းအဝေးတက်ရောက်မှာဖြစ်ပြီး ယူကရိန်းခေါင်းဆောင် ဗိုလိုဒီမာ ဇီလင်စကီးကိုလည်း တက်ရောက်ဖို့ဖိတ်ကြားခဲ့တယ်လို့ G20 အစည်းအဝေးရဲ့ အိမ်ရှင်နိုင်ငံ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုမိုက ဧပြီ ၂၉ရက်က ပြောပါတယ်။ ယူကရိန်းကိုကျူးကျော်မှုကြောင့် ရုရှားကို အဲဒီအစည်းအဝေးတက်ခွင့်မပေးဖို့ အနောက်နိုင်ငံတွေရဲ့ဖိအားနှင့်ပတ်သက်ပြီး ညှိနှိုင်းပြီး သဘောတူညီမှုရခဲ့တာကြောင့်ဖြစ်ပါတယ်။

ယူကရိန်းသမ္မတ ဇီလင်စကီးက အင်ဒိုနီးရှားထံမှ လက်နက်အကူအညီတောင်းခံခဲ့ပေမယ့် အင်ဒိုနီးရှားရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နိုင်ငံခြားရေးမူဝါဒတို့အရ အခြားနိုင်ငံတွေကို လက်နက်အကူအညီပေးလို့မရတဲ့အကြောင်း သူပြန်ပြောခဲ့တယ်လို့ အင်ဒိုသမ္မတက ပြောပါတယ်။

Source AFP