Published-12 August 2021
အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေးဌာန စီဒီစီက ကိုယ်ဝန်ဆောင်မိခင်တွေအနေနှင့် ကိုယ်ဝန်ပျက်ကျမှု အန္တရာယ်ပိုရှိလာနိုင်တယ်ဆိုတဲ့ အထောက်အထားမရှိတဲ့အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ သင့်တယ်လို့ ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။
 
ကာကွယ်ဆေးတွေဟာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ဘေးကင်းစိတ်ချရမှုရှိတယ်လို့ ကျန်းမာရေးအရာရှိတွေက ပြောဆိုခဲ့ကြတဲ့အလျောက် ကျန်းမာရေးဆိုင်ရာ အန္တရာယ်တိုးလာစရာ ရှာမတွေ့ဘူးလို့ဆိုပြီး စီဒီစီက ယခုလို ကာကွယ်ဆေးထိုးသင့်တဲ့ သူတွေစာရင်းထဲ ကိုယ်ဝန်ဆောင်တွေကို ထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။
စီဒီစီရဲ့ အချက်အလက်တွေအရ ဇူလိုင်၃၁ရက်အထိ အမေရိကန်မှာ ကိုယ်ဝန်ဆောင်တွေရဲ့ ၂၃ ရာခိုင်နှုန်းပဲ ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံရပါသေးတယ်။
 
ကာကွယ်ဆေးထိုးနှံတဲ့နှုန်း တစ်နိုင်ငံလုံးမှာ နည်းပါးနေသေးတဲ့အတွက် ကျန်းမာရေးအရာရှိတွေနှင့် အိမ်ဖြူတော်တို့က အမေရိကန်တွေ ကာကွယ်ဆေးထိုးကြဖို့ ဆော်ဩနေပါတယ်။
 
“ ကိုဗစ်-၁၉ကူးစက်မှုကနေ ကာကွယ်နိုင်ကြဖို့ ကိုယ်ဝန်ဆောင်သည်တွေရော၊ ကလေးယူဖို့စဉ်းစားနေသူတွေနှင့် နို့တိုက်မိခင်တွေ ကာကွယ်ဆေးထိုးကြဖို့ စီဒီစီက တိုက်တွန်းအားပေးပါတယ်” လို့ ယင်းရဲ့ ညွှန်ကြားရေးမှူး ရိုချီလီ ဝါလင်ကီက ထုတ်ပြန်ကြေညာချက်ထဲမှာ ပြောထားပါတယ်။
 
“ ကာကွယ်ဆေးတွေက စိတ်ချရပြီး အာနိသင်ရှိပါတယ်။ ကျွနုပ်တို့ ကူးစက်မှုမြင့်မားတဲ့ ဒယ်လ်တာမျိုးဗီဇဥွဲနှင့် ရင်ဆိုင်နေကြရပြီး ကာကွယ်ဆေးမထိုးထားတဲ့ ကိုယ်ဝန်ဆောင်သည်တွေဆီက ပြင်းထန်တဲ့ ရလဒ်တွေ မြင်တွေ့ နေရတဲ့အတွက် ကာကွယ်ဆေးတိုးမြှင့်ထိုးကြဖို့လောက် အလျင်လိုတာ မရှိပါဘူး” လို့ ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းထားပါတယ်။
 
အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေနှင့် မီးဖွားပြီးကာစ မိခင်တွေဟာ ကိုဗစ်-၁၉ကြောင့် အရင်းခံဖြစ်ရတဲ့ ရောဂါရှုပ်ထွေးမှုတွေကို ခုခံနိုင်စွမ်းမရှိကြဖြစ်နေရတယ်လို့ သူ့ရဲ့အကြံပြုချက်ထဲမှာ စီဒီစီက ပြောထားပါတယ်။
 
“ ကိုယ်ဝန်ဆောင်တွေနှင့် မကြာသေးခင်က ကိုယ်ဝန်ရှိလာသူတွေဟာ ကိုယ်ဝန်မရှိသူတွေနှင့် ယှဉ်ရင် ကိုဗစ်-၁၉ကြောင့် ပြင်းထန်တဲ့ရောဂါခံစားနိုင်ချေပိုများပါတယ်” လို့ စီဒီစီက ပြောပါတယ်။
စီဒီစီဟာ ကိုယ်ဝန်ဆောင်ချိန် ရက်သတ္တပတ် ၂၀ မတိုင်ခင်က အမျိုးသမီး ၂၅၀၀ခန့် ကို မိုဒါနာ သို့မဟုတ် ဖိုက်ဇာ ကာကွယ်ဆေး ထိုးနှံပေးခဲပြီးနောက် သူတို့ဆီမှာ ကျန်းမာရေးအရ ဘာမှရှုပ်ရှုပ်ထွေးထွေးရှိမလာဘူးလို့ စီဒီစီက ပြောပါတယ်။ ကျန်းမာရေးအရာရှိတွေကတော့ ကာကွယ်ဆေးဟာ မိခင်နှင့်ကလေးအတွက် သိသာတဲ့ အန္တရာယ်တော့ရှိတယ်လို့ စောဒက တက်ထားပါတယ်။
 
ကိုယ်ဝန်ပျက်ကျတဲ့နှုန်းဟာ ပုံမှန်အားဖြင့် ၁၁ ကနေ ၁၆ရာခိုင်နှုန်းအထိရှိနေတတ်ပါတယ်။ ကာကွယ်ဆေးထိုးထားတဲ့ မိခင်လောင်းတွေကိုလေ့လာကြည့်တော့ ကိုယ်ဝန်ပျက်ကျနှုန်းဟာ ၁၃ရာခိုင်နှုန်းအထိဖြစ်လာတယ်လို့ စီဒီစီက ညွှန်းဆိုထားတဲ့ သုတေသနတစ်ခုအရ သိရပါတယ်။
 
“ ကာကွယ်ဆေးကြောင့် သီအိုရီအရရှိနေတဲ့ အန္တရာယ်က ကိုယ်ဝန်ဆောင်ထားတုန်း ကိုဗစ်ကူးစက်ခံရရင် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးရောဂါရှုပ်ထွေးမှုတွေတိုးပွားလာနိုင်တဲ့ အန္တရာယ်ထက်တော့ အလေးမသာသင့်ဘူးလို့ စီဒီစီရဲ့ အရေးပေါ်ပြင်ဆင်တုန့်ပြနြ်ရေးအဖွဲ့ကို ဦးဆောင်နေတဲ့ ကူးစက်ရောဂါပညာရှင် ဆက်ချာအာရ် အီလင်တန် ကပြောပါ့တယ်။
Source; RT News