Published 19 April 2022

ယူကရိန်းစစ်သားတွေဆီ လက်နက်တွေပို့ပေးဖို့ ဖြစ်နိုင်တဲ့လမ်းကြောင်းအားလုံးကို အသုံးပြုနေတယ်လို့ ယူကရိန်းနိုင်ငံ၊ အယ်လ်ဗစ်ဒေသအုပ်ချုပ်ရေးမှူးက ဧပြီ ၁၈ ရက်က ပြောပါတယ်။

ယူကရိန်းအနာက်ပိုင်းက အကြီးဆုံးမြို့ကို ဒုံးကျည်(၅)စင်းနှင့် ပစ်ခတ်တိုက်ခိုက််ခံရလို့ အနည်းဆုံး လူ(၇)ဦးသေဆုံးပြီး ၁၁ဦး ဒဏ်ရာရရျှိခဲ့တယ်လို့ အယ်ဗစ် အုပ်ချုပ်ရေးမှူး မက်ဆမ်ကိုဇီစကီးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။  နေတိုး မဟာမိတ်တွေဆီက လက်နက်တွေကို သယ်ပို့ရာမှာ အယ်ဗစ်ဟာ အရေးကြီးတဲ့ အချက်အခြာနေရာတစ်ခုဖြစ်ပါတယ်။

အတိုက်အခိုက်ခံရတဲ့အထဲမှာ အသုံးမပြုတော့တဲ့ စစ်တပ်ဂိုဒေါင်(၃)လုံးနှင့် ကားပြင်အလုပ်ရုံတစ်ခု ဒုံကျည်နှင့် အတိုက်အခိုက်ခံရတယ်လို့ အယ်ဗစ်  မြို့တော်ဝန် အင်ဒရီဆာဒိုယီက ပြောပါတယ်။

တနင်္လာနေ့ လေကြောင်းတိုက်ခိုက်မှဒဟာ သုံးရက်အတွင်း အယ်ဗစ်မှာ ဒုတိယမြောက် အကြီးအကျယ်တိုက်ခိုက်မှုဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ရက်က ခရူးဒုံးကျည်လေးစင်းကို ကြားဖြတ်ဟန့်တားပစ်လိုက်နိုင်တယ်လို့ အယ်ဗစ်မြို့တာဝန်ရှိသူတွေကပြောပါတယ်။

အယ်ဗစ်က ရထားပို့ဆောင်ရေးအဆောက်အအုံတွေ ဒုံးကျည်အပစ်ခံရမှုကြောင့် ပျက်စီးသွားတယ်လို့ ယူကရိန်း အမျိုးသား ရထားဌာနက အရာရှိတစ်ဦးက  ပြောပါတယ်။ ဒါပေမယ့် ဝန်ထမ်းတွေနှင့် ခရီးသည်တွေ ထိခိုက်သေဆုံးမှုမရှိဘဲ ရထားတွေ ပြန်ပြေးဆွဲနေပြီလို့ သူက ပြောပါတယ်။

Source CMG