#WorldNews_Health
Published 17 April 2022

 

ကလေးတွေကို တစ်တော့ခ်နှင့် အခြား ခပ်မြန်မြန်ဗွီဒီယိုအက်ပလီကေးရှင်းတွေကို အသုံးပြုခိုင်းတာဟာ သူတို့ကို သကြားလုံးချိုချဉ်ဆိုင်ထဲ ခေါ်သွားလိုက်သလို သူတို့ဟာ ချက်ချင်းလက်ငင်း သာယာကျေနပ်သွားကြလိမ့်မယ်လို့ အောက်စ်ဖို့ တက္ကသိုလ်ရဲ့ ကျင့်ဝတ်ပညာရှင်တစ်ဦးက သတိပေးလိုက်ပါတယ်။

 

ဒီလိုပလက်ဖောင်းတွေအပေါ် စိတ်ပူပန်မှုတွေမြင့်တက်လာနေပြီး အဲဒီဗွီဒီယိုတွေဟာ ပုံမှန်အားဖြင့် ၁၅စက္ကန့်လောက်ပဲကြပြီး ကလေးတွေ ဦးနှောက်ဖွံဖြိုးမှုအပေါ် အကျိုးသက်ရောက်မှုဖြစ်စေပါတယ်။

 

အဲဒါတွေဟာ ကလေးတွေကို နေ့စဉ်လုပ်ငန်းတွေ အာရုံစူးစိုက်လုပ်ဆောင်ရာမှာ အခက်ကြုံစေလာနိုင်တယ်လို့ နည်းပညာ သိပ္ပံပညာရှင်နှင့် ကြေညာဗျူဟာမှူးဟောင်းလုပ်ခဲ့တဲ့ သူတစ်ဦးက ပြောပါတယ်။

 

Òဘာနှင့်တူသလဲဆိုတော့ ကလေးတွေကို ချိုချဉ်ဆိုင်ထဲနေခိုင်းပြီးမှ သကြားလုံးတွေအားလုံးမေ့လိုက်ပြီး ဟင်သီးဟင်းရွက် တစ်ပန်းကန်လောက်စားခိုင်းသလိုဖြစ်နေတယ်Ó လို့ အောက်စ်ဖို့တက္ကသိုလ်ရဲ့ ကျင့်ဝတ်ပညာရှင်တစ်ဦး ဖြစ်တဲ့ အမ်းစ်ဝီလီယမ် က ဝေါစထရိဂျာနယ်ကိုပြောပါတယ်။

 

“လူသားသမိုင်းမှာ မကြံစဖူးဖြစ်တဲ့ အလျင်မပြတ်တဲ့ လက်ငင်းသာယာမှုတွေ ကျွန်တော်တို့ရရှိနေတယ်Ó လို့ သူကပြောပါတယ်။

 

ဦးနှောက်ဟာ ဒီဂျစ်တယ်ကမ္ဘာလို ပြောင်းလဲမှုတွေဆက်တိုက်ဖြစ်နေတာကို ကျင့်သားရလာရင် တစ်နေရာကို အာရုံစူးစိုက်ဖို့ ခက်ခဲလာလိမ်မယ် လို့ သိပ္ပံပညာရှင်တွေက သတိပေးထားကြပါတယ်။

 

အမေရိကန်ပြည်ထောင်စုမှာ တစ်ခ်တော့ခ်ဟာ ကလေးသူငယ်တွေအကြားမှာ ယူကျု ပြီးရင် ဒုတိယရေပန်းအစားဆုံး ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။အသက် ၁၂ နှစ်နှင့် ၁၅ နှစ်အကြား ကလေးသူငယ်တွေရဲ့ ၆၀ ရာခိုင်နှုန်းဟာ အပတ်စဉ်သုံးနေကြတာပါ။

 

၂၀၁၈ ခုနှစ်ကစပြီး ဗွီဒီယိုတိုနံ့နံ့ကလေးတွေနှင့် တစ်ခ်တော့ခ်ဟာ ရေပန်းစားလာခဲ့တာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် အရောက်မှာ တစ်ကမ္ဘာလုံးသုံးစွဲသူ တစ်ဘီလျံကျော်သွားပြီဖြစ်ပါတယ်။

 

အဲဒီကတည်းက စိတ်ပူခဲ့ကြတာက အင်မတန်မြန်တဲ့ ဗွီဒီယိုတွေကြောင့် ကလေးတွေဟာ နေ့စဉ်အလုပ်တွေကို အာရုံစိုက်တာ ခက်သွားကြမှာကိုပါ။

 

တစ်ခ်တော့ဟာ သူတို့ရိုက်လိုက်တဲ့ဗွီဒီယိုတွေထဲမှာ ဘယ်ဟာကို အရှည်ကြာဆုံးကြည့်သလဲဆိုတာကြည့်ပြီး အလားတူဗွီဒီယိုမျိုးဆက်ရိုက်ကြပါတယ်။

 

ဒါတွေကို အသုံးပြုသူတွေက ကြည့်လိုက်တဲ့အခါ ဦးနှောက်ဗဟိုကို နှိုးဆွပေးလိုက်ပြီး စွဲသွားစေပါတယ်။ အဲဒီနောက် အက်ပလီကေးရှင်းကို ပြန်ချဖို့တောင် မလွယ်ဖြစ်သွားတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။

 

ဆိုရှယ်မီဒီယာနှင့် စမတ်ဖုန်းတွေဟာ စိတ်ကျရောဂါနှင့် အထီးကျန်မှုတွေကို ဘယ်လိုမြင့်တက်လာစေတယ်ဆိုတာကို အခြားလေ့လာမှုတွေမှုတွေက အလေးပေးဖော်ထုတ်ခဲ့ပါတယ်။

 

တစ်တော့ခ်ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရသူ အမျိုးသမီးတစ်ဦးက ဝေါစထရိဂျာနယ်ကိုပြောရာမှာ သူတို့အနေနှင့် အက်ပလီကေးရှင်းကို အလွန်အကျွံသုံးစွဲမှုလျှော့ချနိုင်ဖို့ သူတို့ အပြောင်းအလဲတွေ လတ်တလော လုပ်ဆောင်ခဲ့ပါတယ်။အဲဒီအထဲမှာ အသက်၁၅နှစ်အောက်ကလေးတွေကို ည ၉ နာရီကျော်ရင် သူတို့ဆီဝင်လာမယ့် အသိပေးအကြောင်းကြားစာတိုတွေကို ပိတ်လိုက်ပါတယ်။ပြီတော့ ခဏအနားယူဖို့လည်း ပုံမှန်စာတိုပေးပို့ပါတယ်လို့ သူမကပြောပါတယ်။

 

Source: DailyMail.
#Yangon_Media_Group