#WorldNews_Health
Published 17 April 2022

 

ဖိုင်ဇာကိုဗစ်ကာကွယ်ဆေးကို စတုတ္တမြှောက်အားမြှင့်ကာကွယ်ဆေးထိုးပြီးတဲ့နောက် အနည်းဆုံးတစ်လအကြာမှာ ထိုးနှံကြတဲ့ အသက်ကြီးသူတွေဟာ ရောဂါပြင်းထန်ခြင်း၊ဆေးရုံတက်ရခြင်းနှင့် သေဆုံးခြင်းတို့ကနေ သိသာစွာ ကာကွယ်ပေးတယ်လို့ အစ္စရေးသုတေသနပြုချက်အရ သိရပါတယ်။ အဲဒီသုတေသနကို အိုမီခရွန်မျိုးကွဲ မင်းမူနေတဲ့အချိန်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 

တတိယဆေးထိုးပြီးလို့ အနည်းဆုံး(၄)လအကြာ စတုတ္ထအားမြှင့် ကာကွယ်ဆေးထိုးသူတွေဟာ ထိုးပြီးလို့ (၇)ရက်မှ ရက်ပေါင်း (၃၀)အတွင်းမှာ တတိယမြောက်ဆေးပဲထိုးထားသူတွေနှင့်ယှဉ်ရင် ကူးစက်နိုင်ခြေကို ၄၅ ရာခိုင်နှုန်း၊ မြင်သာတဲ့ ရောဂါဖြစ်ပွားနိုင်ခြေကို ၅၅ ရာခိုင်နှုန်း၊ဆေးရုံတက်ရနိုင်ခြေကို ၆၂ ရာခိုင်နှုန်းနှင့် သေဆုံးနိုင်ခြေကို ၇၄ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တာကို သုတေသနတွေ့ရှိခဲပါတယ်။

 

အဲဒီတွေ့ရှိချက်ကို နယူးအင်္ဂလန်ဆေးဂျာနယ်မှာ ဗုဒ္ဓဟူးနေ့က ဖော်ပြခဲ့တာဖြစ်ပါတယ်။ သုတေသနပညာရှင်တွေဟာ အသက်(၆၀)နှစ်နှင့်အထက် လူကြီးတွေထဲမှာ စတုတ္ထမြောက်အားမြှင့်ကာကွယ်ဆေးထိုးခဲ့သူ ၁၈၂,၁၂၂ ဦးကို တတိယမြောက်ပဲထိုးရသေးတဲ့အရေအတွက်တူသူ အသက်အပိုင်းအခြားတူသူတွေနှင့် နှိုင်းယှဉ်သုံးသပ်ခဲ့ကြပါတယ်။

 

“ တကယ့်လက်တွေ့ဖြစ်ခဲ့သူတွေဆီကရတဲ့ ရလာဒ်တွေအရ စတုတ္ထမြောက် အားမြှင့်ဆေးဟာ အလုပ်ဖြစ်တယ်လို့ တွေ့ကြရပါတယ်။ အနည်းဆုံး ကနဦးမှာကိုက အိုမီခရွန်မျိုးကွဲကို ကောင်းစွာကာကွယ်နိုင်တာတွေ့ရပါတယ်Ó လို့ သုတေသမှူးတွေကပြောပါတယ်။

 

Òစတုတ္ထမြောက်ကာကွယ်ဆေးကြောင့် ကာကွယ်မှုတွေပေါ် လေ့လာဖို့ နောက်ထပ်သုတေသနတွေဆက်လုပ်သွားပါမယ်Ó လို့ သူတို့ဆိုပါတယ်။ ယခုသုတေသတွေ့ရှိချက်အရ စတုတ္ထကာကွယ်ဆေးဟာ အချိန်နှင့်အမျှ ကူးစက်နိုင်ခြေအပေါ်မှာတော့ စွမ်းရည်ကျတာပိုမြန်ပြီး အပြင်းဖျားနာမှုကိုတော့ တည်ငြိမ်စွာထိန်းပေးနိုင်တာတွေ့ရကြောင်း သိရှိရပါတယ်။

 

Source Reuters
#Yangon_Media_Group