Published 15 April 2022

ယူကရိန်းနိုင်ငံ၊မြို့တော်ကိဗ်မှာ သောကြာနေ့က အင်အားပြင်းပေါက်ကွဲသံတွေကြားရပြီး ယူကရိန်းအရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေများပြားလာပါတယ်။ ရုရှားရေတပ်ရဲ့ ပင်လယ်နက်အထင်ကရသင်္ဘောကို ယူကရိန်းကနှစ်မြှပ်ခဲ့ပြီးနောက် ယခုလိုဖြစ်ပေါ်ခဲ့တာပါ။

တောင်ပိုင်းနှင့်အရှေ့ပိုင်းမှာ စစ်ပွဲတွေပြင်ဆင်ဖို့အတွက် ရုရှားတပ်တွေ ဒီလစောစောပိုင်းက ယူကရိန်းမြို့တော်ကနေ ဆုတ်ခွာပြီး ကတည်းကဆိုရင် ယခုကြားရတဲ့‌ ပေါက်ကွဲသံတွေဟာ အသိသာဆုံးဖြစ်ပါတယ်။

ယူကရိန်းက သူတို့ဟာ ရုရှားရဲ့ ဒုံးကျည်တင်ရေတပ်သင်္ဘော Moskva ကို သူတို့ရဲ့ နက်ပ်ကျွန်း တန်ပြန် သင်္ဘောဒုံးကျည်နှင့် ထိမှန်အောင်ပစ်ခတ်ခဲ့တယ်လို့ ကြာသပတေးနေ့က ပြောပါတယ်။  အဲဒီသင်္ဘော ပေါက်ကွဲမီးလောင်မှုဖြစ်ပြီးနောက် သင်္ဘောကိုဆိပ်ကမ်းသို့တွဲဖြင့်ဆွဲလာစဉ် နစ်မြုပ်သွားတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဋ္ဌာနက ပြောပါတယ်။

ရေတပ်သား ၅၀၀ ကျော်ကို သင်္ဘောပေါ်က ကယ်ထုတ်လာနိုင်ခဲ့တယ်လို့ တိုက်ခိုက်ခံရမှုကို သိရှိမှုပြသခြင်းမရှိဘဲ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ရုရှားရေတပ်ဟာ ပင်လက်နက်ကနေပြီး ယူကရိန်းမြို့တော်ကို ဗုံးကြဲနေတာ ရက်ပေါင်း၅၀နီးပါးအကြာမှာ ရုရှားဟာ ယင်းရဲ့ အထင်ကရ ရေတပ်သင်္ဘောတစ်စီး ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။

ရုရှားစစ်တပ်ရဲ့ အဆုံးမရှိတဲ့ စစ်ကိရိယာကားတန်းတွေရပ်တန့်အောင်လုပ်ပစ်ခဲ့သူတွေနှင့် ရုရှားသင်္ဘောတွေကို နစ်မြုပ်အောင် လုပ်နိုင်သူတွေကို ဂုဏ်ပြုတဲ့အကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇီလင်စကီးက ပြောပါတယ်။

ကိဗ်မြို့တော်၊ တောင်ပိုင်းက ခါဆွန်မြို့၊အရှေ့ပိုင်း ခါကစ်မြို့နှင့် အနောက်က အိုင်ဗန်နိုဖရန်ကီဗစ်မြို့တွေမှာ  ပေါက်ကွဲမှုတွေဖြစ်ပြီးနောက် ပျက်စီးဆုံးရှုံးမှုနှင့်ပတ်သက်လို့ အသေးစိတ်သတင်းတွေမရသေးပါဘူး။

မြောက်ပိုင်းဆိပ်ကမ်းမြို့မာယီယူပူလ်က ပေါ့ပက်စ်နာနှင့်ရူဘစ်ဇိုင်းမြို့ကလေးတွေမှာ ရုရှားရဲ့တိုက်ခိုက်မှုကို ယူကရိန်းစစ်တပ်က ပြန်လည်တွန်းလှန်နိုင်ခဲ့ပြီး တင့်ကားတွေနှင့် သံချပ်ကာကားတော်တော်များများကို ဖျက်စီးပစ်လိုက်တယ်လို့ ယူကရိန်းစစ်တပ်ကပြောပေမယ့် ဒီသတင်းကို ရိုက်တာက အတည်ပြုလို့မရသေးပဲရှိပါတယ်။

Source Reuters