Published 15 April 2022

သင့်ရဲ့ကျန်းမာရေးနှင့်ချမ်းသာသုခ ရဲ့အခြေခံက သင့်ရဲ့နှလုံးလည်းမဟုတ်၊အဆုတ်လည်းမဟုတ်။ ဦးနှောက်လည်းမဟုတ်။ အခြေံခံက သင့်ရဲ့ အူတွေပဲဖြစ်ပါတယ်။

ဒါကိုစေ့စေ့တွေးပါ- သင့်ရဲ့ ခုခံအား စနစ်ကြီးရဲ့ ၇၀ ရာခိုင်နှုန်း ဟာ သင့်ရဲ့ ဝမ်းခေါင်းပေါ် အခြေပြုထားတယ်။

ဘာကြောင့်ဒါကအရေးကြီးရတာလဲ- သင်ဟာ သင်ဘာစားတယ်ဆိုတာမှာဖြစ်တည်နေတယ်။ ကျန်းမာသန်စွမ်းတဲ့ အူတွေဟာ သင့်ရဲ့ ခန္ဓာကိုယ်နှင့်စိတ်တွေကို နာမကျန်းဖြစ်ခြင်းမှ ကာကွယ်ပေးတယ်။

၁။ သင့်ရဲ့ခုခံအားစနစ်- ကျန်းမာသန်စွမ်းတဲ့အူဟာ ဗိုင်းရပ်စ်တွေ၊မှုတွေနှင့် ဘက်တီးရီးယားအဆိုးတွေကို တိုက်ထုတ်ပစ်နိုင်တဲ့ ကိုယ်ခံအားဆဲလ်တွေနှင့် ဘက်တီးရီးယားအကောင်းတွေနှင့်ပြည့်နှက်နေတယ်။ မကျန်းမာတဲ့ အူဟာ ရောဂါကူးစက်မှုတွေကို ဦးတည်စေနိုင်တဲ့အပြင်  ကင်ဆာကို တိုက်ထုတ်ပစ်တဲ့ သင့် ခန္ဓာကိုယ်ရဲ့ အစွမ်းသတ္တိတွေကိုတောင် ဟန့်တားပစ်နိုင်ကြတယ်။

၂။ သင့်ရဲ့စိတ်ကျန်းမာရေး- ယုံချင်ယုံ မယုံချင်နေ။ သင့်ရဲ့ အူဆီမှာ သူ့ရဲ့ ကျောရိုးနဗ်ကြောလိုပဲ အာရုံကြောတွေ အများ ကြီးရှိနေတယ်။ အဲဒီအာရုံကြောတွေက ဦးနှော်ကထဲ တိုက်ရိုက်ချိတ်ဆက်နေတယ်။ အဲဒါကြောင့် ညံ့ညံ့ဖျင်းဖျင်း စားသောက်ရင် စိုးရိမ်ကြောင့်ကြမှုတွေနှင့် စိတ်ဓာတ်ကျဆင်းမှုတွေဖြစ်စေနိုင်တယ်။ အပြန်အလှန်အားဖြင့် စိတ်ကျန်းမာရေး ကျဆင်းလာတာဟာ အူတွေကိုလည်း မကျန်းမမာဖြစ်စေနိုင်တယ်။

၃။ သင့်ရဲ့ခွန်အား-ဒုက္ခပေးနေတဲ့ အူတစ်ခုနှင့် အားနည်းနေတဲ့ ခုခံအားစနစ်ဟာ ဖောရောင်တာတွေကို ဦးတည်စေလာနိုင်ပြီး သင့်ရဲ့ အဆစ်အမြစ်တွေနှင့်ကြွက်သားတွေကို ထိခိုက်စေလာနိုင်တယ်။

အူကို ဒုတိယမြောက် ဦးနှောက်လိုသဘောထားပါ”-ဆေးပညာရှင်တွေကအဲသလိုပြောကြ

အူထဲက သန်းပေါင်းများစွာသော ဘက်တီးရီးယားတွေဟာ သင့်ရဲ့အစားအစာထဲက အဟာရတွေကို ထုတ်ယူပြီး သင့် ခန္ဓာကိုယ်ထဲပေးပို့ရုံတင်မကဘဲ အဆုံးမတော့ သင့်ရဲ့စိတ်နှင့်ချမ်းသာသုခကို ထိန်းကျောင်းဖို့အတွက် သင့်ဦးနှောက်နှင့် ဟိုမုန်းတွေကို သင့်ရဲ့နဗ်တွေက ပြောဆိုပေးတယ်။ ဒါဆိုအူကိုကောင်းမွန်အောင် ဘယ်လိုထိန်းသိမ်းရမလဲ

ကိုယ်ဘာတွေစားသလဲ၊ဘယ်အချိန်စားသလဲ စောင့်ကြည့်- အမျှင်တွေအပြည့်၊ရောင်စုံသစ်သီးတွေနှင့် ဟင်းသီးဟင်းရွက်တွေ၊ ကောက်နှံအကုန်လုံး၊ ပရိုတိန်းနှင့် ဟင်းခတ်အမွှေးအကြိုင်ကို စားသုံးပြီး သင့်အူထဲမှာ ဘက်တီးရီးယားအကောင်းတွေကို ထိန်းသိမ်းမွေးမြူထားပြီး အူကိုကျန်းမာသန်စွမ်းအောင်ထားပါ။ အာလူးကြော်လို ဆိုဒါလိုမျိုး အလွန်အကျွန် ပြုပြင်ထုတ်လုပ် တဲ့ အစားအစာ တွေကို ရှောင်ပါ။

            သင့်ရဲ့အူဟာ ဇီဝနာရီအပေါ်မှာ လှုပ်ရှားနေပါတယ်။ နေ့စဉ်အချိန်မှန်စားသုံးခြင်းဟာ အစာခြေဖျက်မှု အကောင်းဆု့း ဖြစ်စေပါတယ်လို့ UCLAရဲ့ လူသားအာဟာရညွှန်ကြားရေးမှူးနှင့် ဆရာဝန်ဖြစ်တဲ့ ဒေါက်တာဒေးဗစ်ဟီဘာက ပြော ပါတယ်။

သင့်ရဲ့အစားအစာထဲကို ပရိုဘိုင်အိုတစ်ကို ထည့်စား- သင့်အူအတွက် စားနိုင်တဲ့ အကောင်းဆုံးအရာက ပိုးမသတ်ထားတဲ့ ဒိန်ချဉ်ပဲဖြစ်ပါတယ်လို့ ဟီဘာကပြောပါတယ်။ဒိန်ချဉ်ဟာ သင့်ခန္ဓာထဲ အကူအညီရတဲ့ ဘက်တီးရီးယားတွေ ယူဆောင်ပေးရုံ သာမကဘဲ လက်ရှိဘက်တီးရီးယားအကောင်းတွေကိုလည်း အားပေးကူညီပေးပါတယ်။

            အချဉ်ဖောက်ထားတဲ့ သနပ်တွေ။ဂေါ်ဖီထုပ်ချဉ်နှင့် ကင်ချီတို့ဟာလည်း အူကို ပိုကောင်းအောင်လုပ်ပေးပါတယ်။

အိပ်ရေးဝအောင်အိပ်- သင့်အူဟာ အနားယူဖို့လိုအပ်တယ်

လေ့ကျင့်ခန်းလုပ်- လှုပ်ရှားမှုဟာ အူရဲ့လုပ်ဆောင်မှုအတွက် သော့ချက်ပါ။ပြီးတော့ လှုပ်ရှာသွားလာ လှည့်ပတ်နေတာ တွေဟာ အူရဲ့လှုပ်ရှားမှုကိုကောင်းစေပါတယ်။

ဖြည့်စွက်ဆေးရှာနေတယ်ဆိုရင်- ထိပ်တန်းအာဟာရပညာရှင်တွေက အကောင်းဆုံး ပရိုဘိုင်အိုတစ် သုံးမျိုးကို ထောက်ခံပေးထားပါတယ်။ အဲဒါတွေဟာ လေပွတာကိုထိန်းချုပ်နိုင်ပြီး ခုခံအားမြှင့်တင်ပေးနိုင်ပါတယ်။ဈေးနှုန်း၊ ဆေးသက်တမ်းနှင့် အစွမ်းထက်မှုတွေအလိုက် အဆင့်သတ်မှတ်ပေးထားပါတယ်။

သူတို့ရွေးချယ်ပေးတဲ့ ထိပ်တန်းဖြည့်စွက်ဆေး(၃)မျိုး- Culturelle Digestive Daily၊Align Probiotic Extra Strength နှင့် Bio-Kult.

သင်တတ်နိုင်တယ်ဆိုရင်- functional medicine ဆိုတာ ကြီးထွားလာနေတဲ့နယ်ပယ်ပါ။ သင့်အူကျန်းမာရေးကို အသေးစိတ် စစ်ဆေးဖို့ ဆရာဝန်တော်တော်များများက ကမ်းလှမ်းနေကြပါတယ်။အဲဒါဆို သင့်အူကျန်းမာရေးအတွက် တိကျတဲ့အဆင့်တွေ ဆက်လုပ်နိုင်မှာဖြစ်ပါတယ်။

Source Axios