#WorldNews_Health
Published 15 April 2022

 

ကိုဗစ်-၁၉ ကူးစက်ခံခဲ့ဖူးသူတွေဟာ ရုတ်တရက်နှင့် ကြောက်မက်ဖွယ်ကောင်းတဲ့ ဘေးထွက်ဆိုးကျိုးတွေရဲ့ အန္တရာယ်ပိုကြီးမားနေပါတယ်။ သူတို့ဟာ ကိုဗစ်ကူးစက်ခံရတုန်းက ဆေးရုံတက်ရလောက်အောင် ရောဂါမဖြစ်ခဲ့သူတွေအတွက်လည်း အန္တရာယ်ကရှိနေပါတယ်လို့ ဆရာဝန်တွေကပြောပါတယ်။

 

သဘာဝဆေးပညာစာစောင်မှာပါတဲ့ သုတေသနစာတမ်းတစ်ခုမှာ အဲဒီရေရှည်အကျိုးဆက်ကို နှလုံးနှင့် သွေးကြောဆိုင်ရာစနစ်တွေထဲမှာ တွေ့ကြုံခံစားရနိုင်တယ်လို့ သတိပေးထားပါတယ်။

 

အဲဒီအကျိုးဆက်တွေထဲမှာ နှလုံးရပ်သွားတာမျိုးလည်းပါဝင်ပါတယ်။အဲဒီလိုဖြစ်ရင် CPR ဖြင့် ကုသမှုအပါအဝင် ချက်ခြင်းဆေးကုသပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။အဲသလိုမလုပ်ရင် သေဆုံး သွားနိုင်ပါတယ်။

 

ကိုဗစ်နှင့် တိုက်ပွဲဝင်ခဲ့ရသူတွေဟာ ကူးစက်ခံရပြီးနောက်ပိုင်းနှစ်တွေမှာ နှလုံးရပ်နိုင်တဲ့ အန္တရာယ်ဟာ ကူးစက်မခံခဲ့ရသူတွေနှင့် နှိင်းယှဉ်ရင် ၂.၅ဆ ပိုမိုများပြားနေတယ်လို့ သုတေသနက ရှာဖွေတွေ့ရှိထားပါတယ်။

 

ဒါဟာ ကိုဗစ်ကနေပြန်သက်သာလာသူတွေ ခံစားနိုင်ဖွယ်ရှိတဲ့ စိုးရိမ်စရာရှိတဲ့ ဘေးထွက်ဆိုးကျိုး ၂၀ ခန့်ထဲက တစ်ခုဖြစ်ပါတယ်။ကျန်ဘေးထွက်ဆိုးကျိုးတွေကတော့ အသက်ကိုအန္တရာယ်ပြုနိုင်လောက်တဲ့ လေဖြတ်တာ၊သွေးကြောပိတ်တာတို့ပဲ ဖြစ်ပါတယ်။

 

ကျွမ်းကျင်သူတွေဟာ ကိုဗစ်ကူးစက်ခံထားရတဲ့ လူပေါင်း ၁၅၄,၀၀၀ အပါအဝင် အမေရိကန်က စစ်မှုထမ်း ၁၁ သန်းဆီကရရှိတဲ့ အချက်အလက်တွေအပေါ် အခြေပြုထားတာပါ။

 

ကိုဗစ်ရောဂါပြင်းထန်မှု အနည်းအများအပေါ်မူတည်ပြီး ရောဂါရှုပ်ထွေးမှုတွေ ပိုဖြစ်နိုင်ပါတယ်။ဒါပေမယ့် ကိုဗစ် ပျော့ပျော့ပဲ ကူးစက်ခံခဲ့ရသူတွေအတွက်လည်း အန္တရာယ်ကရှိနေပါတယ်။

 

Òကူးစက်ခံရတုန်းက ဆေးရုံတက်ဖို့မလိုခဲ့တဲ့သူတွေပါ အန္တရာယ်ရှိနေတာတွေ့ရှိခဲ့ပါတယ်Ó လို့ စာတမ်းမှာဖော်ပြထားပါတယ်။

 

ကူးစက်မခံခဲ့ရသူတွေနှင့်ယှဉ်ရင် လူတစ်ထောင်မှာ ၄၅ ဦးဟာ အဲဒီဘေးထွက်ဆိုးကျိုး အခု ၂၀ ထဲက တစ်ခုမဟုတ်တစ်ခုနှင့် ကြုံခဲ့ကြရတာတွေ့ရပါတယ်။

 

“ နှလုံးသွေးကြောဆိုင်ရာပြဿနာတွေဟာ အသက်ကြီးကြီး ငယ်ငယ်၊ ဆီးချိုရှိရှိ မရှိရှိ၊ အဝလွန်လွန် မလွန်လွန်၊ ဆေးလိပ်သောက်သောက် မသောက်သောက် အားလုံးအတွက် အန္တရာယ်ရှိနေတာဖြစ်ပါတယ်။ကျွန်တော်စိတ်ပူတာက အချို့သော ဒီလိုအခြေအနေတွေဟာ နာတာရှည်အခြေအနေတွေဖြစ်ပြီး ဘဝတစ်လျောက်လုံး ခံစားသွားကြရမှာပဲဖြစ်တယ်Ó လို့ လေ့လာရေးအကြီးတန်းစာတမ်းရှင်နှင့် သုတေသနမှူးချုပ် ဇီယတ်အယ်လ်အလီက ပြောပါတယ်။

 

Òမနက်ဖန်မှာ ခင်ဗျားနိုးလာပြီး ရုတ်တရက်ကြီးပဲ ကျွန်တော့်မှာ နှလုံးပြဿနာမရှိတော့ဘူးဆိုတာမျိုးမဟုတ်ဘူးÓ လို့ သူက ပြောပါတယ်။

ကိုဗစ်နှင့် ကြုံတွေ့ခဲ့ရသူတွေဟာ နောက် ၁၂ လကြာရင် နှလုံးချို့ယွင်းနိုင်ခြေ ၇၂ရာခိုင်နှုန်းမြင့်မားနေပါတယ်။

 

Source The Sun.
#Yangon_Media_Group