Published 14 April 2022

ဘီလျံနာသူဋ္ဌေး အီလွန်မတ်စ်က တွစ်တာကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၄၃ ဘီလျံပေးဝယ်မယ်လို့ ဧပြီ၁၄ရက် ကြာသပတေးနေ့က ကမ်းလှမ်းလိုက်ပါတယ်။ တွစ်တာကို တိုးတက်ကြီးထွားလာပြီး လွတ်လပ်စွာပြောဆိုခွင့်ရဲ့ ပလက်ဖောင်းတစ်ခုဖြစ်လာဖို့အတွက် ပုဂ္ဂလိကရယူဖို့လိုတယ်လို့ တက်စ်လာရဲ့ စီအီးအိုဖြစ်တဲ့သူက ပြောပါတယ်။

“ တွစ်တာဟာ အလားအလာ အလွန့်အလွန်ကိုကောင်းတယ်။ အဲဒီအလားအလာသော့ကို ကျွန်တော်ဖွင့်ရလိမ့်မယ်” လို့ သူက ဆန်ဖရန်စစ္စကို အခြေစိုက် တွစ်တာကုမ္ပဏီကို ဗုဒ္ဓဟူးနေ့က ရေးသားပေးပို့တဲ့စာထဲမှာ ပြောထားပါတယ်။ သူဟာ လောလောဆယ် တွစ်တာမှာ ရှယ်ယာတွေဝယ်ထားတာဟာ ဒုတိယအများဆုံးဝယ်ထားတဲ့ ရှယ်ယာရှင် တစ်ဦးဖြစ်နေပါပြီ။ သူဟာ သူ့ရဲ့ကမ်းလှမ်းချက်ကို ကြာသပတေးနေ့က အများပြည်သူသိအောင်လုပ်ခဲ့တာဖြစ်ပါတယ်။

ဒါဟာ သူ့ရဲ့အကောင်းဆုံးနှင့် နောက်ဆုံးကမ်းလှမ်းချက်ဖြစ်တယ်။ တကယ်လို့ ဘုတ်အဖွဲ့က သူ့ရဲ့ကမ်းလှမ်းချက်ကိုပယ်ချ ခဲ့မယ်ဆိုရင် သူ့ရင်းနှီးမြှပ်နှံထားတာကို ပြန်စဉ်းစားရလိမ့်မယ်လို့ သူက ပြောပါတယ်။

Source Reuters