Published 12 April 2022

ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းနိုင်ငံအရှေ့ပိုင်းကို တပ်ဖြန့်မှု ပြီးပြည့်စုံလုနီးပါး ဖြစ်နေပြီလို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့က ပြောပါတယ်။

ရုရှားတပ်တွေဟာ ဒွန်းညက်စ်နှင့် လူဟန့်စ်ဒေသတွေကို တပ်တွေ ပေးပို့တာ ပြီးပြည့်စုံလုဖြစ်နေပြီလို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် အိုလက်ဆန်ဒီယာ မိုတူဇိုင်ယာညက်က ပြောပါတယ်။ ယူကရိန်းစစ်တပ်ဟာ ရုရှားတိုက်တွေနှင့် တိုက်ခိုက်ဖို့အတွက် အသင့်ပြင်ဆင်ထားပြီးဖြစ်ပြီး အဲဒါမကြာမီဖြစ်လာလိမ့်မယ်လို့ မျှော်မှန်းထားတယ်လို့ သူကပြောပါတယ်။

တစ်ရက်တည်းမှာပဲ  ဒွန်ညက်ဒေသ၊ချာဆစ်ယာမှာရှိတဲ့ ယူကရိန်းစစ်တပ်ရဲ့ ဗဟိုကွပ်ကဲရေးစင်တာကို  ရုရှားတပ်ဖွဲ့တွေက ကင်ဇယ်လ်ဟိုက်ပါဆိုးနစ် ဒုံးကျည်တွေနှင့် ဖျက်ဆီးပစ်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် အီဂေါကိုနက်ရှန်ကော့ဗ်က ပြောပါတယ်။

ရုရှားတပ်တွေဟာ တိုချကာ-ယူ ဒုံးကျည်တွေ တာတိုပစ်စနစ်တစ်ခု၊ ယူကရိန်းစစ်တပ်ရဲ့ မာလ်တီဘာရယ်လ် လောင်ချာစနစ်နှစ်ခု ကိုလည်း ဖျက်ဆီးပစ်ခဲ့ပြီး ဒွန်ညက်ဒေသ၊နီလီဒိုဗိုက ယူကရိန်းမျိုးချစ်၄၀ဦးနီးပါးကိုလည်း သတ်ပစ်နိုင်ခဲ့တယ်လို့ သူကပြောပါတယ်။

Source CMG