Published 12 April 2022

စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ပင်န်စီဗေးနီးယားက အမျိုးသားတစ်ဦးဟာ ဂျိုးဘိုင်ဒင် ဆန့်ကျင်ရေး စတစ်ကာတွေကို ဓာတ်ဆီ ဆိုင်ရဲ့ ပန့်တွေမှာကပ်ခဲ့ပြီးနောက် ဒေသရဲတွေနှင့် ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ပြီးနောက်  ဖမ်းဆီးခံခဲ့ရတယ်လို့ နယူး   ယောက်စ်ပို့သတင်းစာကရေးသားပါတယ်။

အဲဒီဖြစ်ရပ်ဟာ မတ်၃၁ရက်က ဖြစ်ပွားခဲ့တာဖြစ်ခဲ့တာလို့ ဖြစ်ရပ်ကိုမှတ်တမ်းတင်ခဲ့တဲ့ အာရွန်ဖိလစ်ဆိုသူက ဖေ့စ်ဘုတ်ခ်မှာ  ရေးသားဖြန့်ဝေခဲ့ပါတယ်။

ထိုသူဟာ မန်နော်မြို့က အသက်၅၄နှစ်အရွယ် သောမတ်ရစ်ချတ်ဂလေ့ဇ်စကီး ဆိုသူဖြစ်ပြီး ဧပြီ၄ရက်နေ့မှာ သူ့ကို တရား စွဲဆိုခဲ့ပါတယ်။ သူဟာ  တာကီးဟေးလ် ဆီဆိုင်က ပန့်တွေမှာ သမ္မတဘိုင်ဒင်ကိုဆန့်ကျင်တဲ့ စတစ်ကာတွေကပ်ခဲ့ပြီးနောက် ဥပဒေချိုးဖောက်မှုများစွာနှင့် တရားစွဲခံခဲ့ရပါတယ်လို့ လန်ကက်စတာ အွန်လိုင်းသတင်း ကရေးသားပါတယ်။

စတစ်ကာမှာ သမ္မတက ဈေးနှုန်းတွေကို လက်ညှိုးထိုးပြတဲ့ပုံနှင့်အတူ “ ဒါငါလုပ်ခဲ့တာ” လို့ စာလုံးအမည်းကြီးတွေနှင့်ရေး ထားပါတယ်။ သူ့လုပ်ဆောင်မှုဟာ အမေရိကန်မှာ လောင်စာဈေးတွေမြင့်တက်နေမှုအပေါ် တစ်နိုင်ငံလုံးရဲ့ ဦးတည်မှု ကြီးထွားလာတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။

ရဲကဖမ်းလို့ ယက်ကန်ယက်ကန်ဖြစ်နေတုန်း သူက ဆဲသံကြားလိုက်ပါတယ်။ အဲဒီနောက်သူဟာ ပန့်တွေဆီရုန်းထွက်ပြေးသွား လိုက်ပြီး စတစ်ကာမှာပါတဲ့ စာသားအတိုင်း“ ငါလုပ်ခဲ့တာ ငါလုပ်ခဲ့တာဟေ့” လို့ ထပ်တူအော်ဟစ်ခဲ့ပါတယ်။

သူဟာအဲဒီနောက် ကားပါကင်ကိုအသွားမှာ ရဲအရာရှိတစ်ဦးက သူ့ကိုလက်ထိပ်ခတ်ဖမ်းဆီးလိုက်ပါတယ်။ နောက်ရဲသုံးဦးက  ရဲလှည့်ကင်းကားရဲ့ နောက်ခန်းထဲ တွန်းထိုးလိုက်ပါတယ်။ကျန်နှစ်ဦးက သူ့ကို ခြေထောက်တွေနှင့်ကန်ပါတယ်။

သူဟာ အဖမ်းမခံဘဲခုခံမှု၊ဆူဆူပူပူပြုကျင့်မှု၊အနှောက်အယှက်ပေးမှုနှင့် အကျိုးဖျက်ဆီးမှုရာဇဝတ်မှုတို့ဖြင့် တရားစွဲခံခဲ့ရတာ ဖြစ်တယ်လို့ လန်ကက်စတာအွန်လိုင်းက သတင်းပေးပို့ပါတယ်။

ဓာတ်ဆီတစ်ဂါလံဈေးနှုန်းဟာ  အမေရိကန်နိုင်ငံမှာ ပျှမ်းမျှအားဖြင့် ၄.၁၂ ဒေါ်လာရှိနေပြီး  ပင်န်စီဗေးနီးယားမှာ ၄.၂၂ ဒေါ်လာ နယူးယောက်မှာ ၄.၂၄ ဒေါ်လာဈေးပေါက်နေပါတယ်။

ဘိုင်ဒင်ရဲ့ “ ငါလုပ်ခဲ့တာ” ဆိုတဲ့ စတစ်ကာတွေကို Mott Haven နှင့် Harlem တို့ကဓာတ်ဆီပန့်တွေမှာ ပြီးခဲ့တဲ့လကတည်းက နယူးယောက်ပို့စ်က တွေ့ခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

အဲဒီစတစ်ကာတွေကို အခု၁၀၀ပါတဲ့ တစ်ဘူးကို ၈.၉၅ ဒေါ်လာနှင့် အမေဇုန်မှာ အွန်လိုင်းရောင်းချနေတာဖြစ်ပါတယ်။

Source New York Post