Published-9 July 2021
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ဗဟိုချက်မ နိုင်ငံဟာ နိုင်ငံရပ်ခြားက ထူးချွန်သူတွေအတွက် တံခါးဖွင့်ထားဆဲဖြစ်ပေမယ့် စင်္ကာပူနိုင်ငံသားတွေ အလုပ်အကိုင်ရရှိရေးမှာ ပြိုင်ဆိုင်လာနေရတဲ့အတွက် စင်္ကာပူအစိုးရအနေနဲ့ နိုင်ငံခြားလုပ်သားဆိုင်ရာ မူဝါဒတွေကို ပြန်ချိန်ညှိရလိမ့်မယ်လို့ စင်္ကာပူဝန်ကြီးချုပ်က တနင်္ဂနွေနေ့က ပြောကြားလိုက်ပါတယ်။
 
“ စင်္ကာပူမှာရှိတဲ့ နိုင်ငံခြားသားတွေ ရဲ့ အရည်အချင်း၊အရေအတွက်နှင့် စုစည်းမှုတွေကို စီမံခန့်ခွဲဖို့ ကျွန်တော်တို့ရဲ့ မူဝါဒတွေကို ပြန်ပြီးချိန်ညှိရလိမ့်မယ်” လို့ ဝန်ကြီးချုပ် လီရှန်လွန်းက အမျိုးသားနေ့ သဝဏ်လွှာမှာ ထည့်သွင်းပြောကြားခဲ့ တာဖြစ်ပါတယ်။ “ ဒါကို ကောင်းကောင်းလုပ်နိုင်မယ်ဆိုရင် နိုင်ငံခြားသားအလုပ်သမားတွေနှင့် ပြောင်းရွှေ့လာသူတွေကို ကျွန်တော်တို့ ဆက်ပြီးကြိုဆိုလို့ရနိုင်တယ်။ကျွန်တော်တို့လုပ်ရမယ်” လို့သူကပြောကြောင်း စထရိတ်တိုင်းမ်သတင်းစာ က ရေးသားပါတယ်။
 
နိုင်ငံခြားလုပ်သားတွေဟာ စင်္ကာပူအတွက် အရေးကြီးတဲ့ ပြသနာတစ်ခုဖြစ်နေခဲ့တာ ကြာပါပြီ။ ဒါပေမယ့် ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ဖြစ်ရတဲ့ မသေချာမရေရာမှုဖြစ်နေတွေက စင်္ကာပူဟာ မနှစ်ကစီးပွားကျနေခဲ့ရာကနေ ပြန်လည် နာလန်ထနေတဲ့အလျောက် နိုင်ငံသားတွေကြားမှာ အလုပ်အကိုင်ကိစ္စ စိတ်ပူစရာဖြစ်နေကြရပါတယ်။
 
ဒီပြသနာကို မနှစ်က အထွေထွေ ရွေးကောက်ပွဲမဲဆွယ်ပွဲမှာ အတိုက်အခံပါတီတွေက အသားပေးဖော်ပြခဲ့ပြီး ၁၉၆၅ခုနှစ် လွတ်လပ်ရေးရကတည်းက စင်္ကာပူကို အုပ်ချုပ်ခဲ့တဲ့ လီရဲ့ ပြည်သူ့လှုပ်ရှားမှုပါတီ (People’s Action Party) အတွက် သမိုင်းဝင် စိန်ခေါ်မှုဖြစ်ခဲ့ရတာပါ။
 
အစိုးရရဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ စင်္ကာပူလူဦးရေ ၇.၅သန်းရဲ့ ၃၀ ရာခိုင်နှုန်းအောက် ပျော့ပျော့ဟာ ဒေသခံတွေမဟုတ်ပါဘူး။ ၁၉၉၀ပြည့်နှစ်တုန်းက ၁၀ရာခိုင်နှုန်း ဝန်းကျင်ပဲရှိခဲ့တာကနေ တက်သွားခဲ့တာဖြစ်ပါတယ်။
 
အတွင်းဘက်ပြန်လှည့်ခြင်းဟာ စင်္ကာပူရဲ့ ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာ ဗဟိုချက်မ ဆိုတဲ့ ရပ်တည်ချက်အပေါ် ထိခိုက်နိုင်တယ်လို့ လီ က သတိပေးလိုက်ပါတယ်။
သူ့ရဲ့အစိုးရဟာ အလုပ်ပါမစ်ထုတ်ပေးဖို့ လစာသတ်မှတ်ချက်မြှင့်ထားတာ အပါအဝင် ကိုယ့်နိုင်ငံသားတွေကို အလုပ်ခန့်ထားမှု တိုးမြှင့်ဖို့ အဆင့်တွေတက်လှမ်းရင်း နိုင်ငံခြားလုပ်သားမူဝါဒကို နှစ်ပေါင်းများစွာ တင်းကြပ်ထားနေပါတယ်လို့ သူကပြောပါတယ်။
 
စင်္ကာပူမှာ နေထိုင်သူတွေဟာ ပြီးခဲ့တဲ့နှစ်က ၀.၃ ရာခိုင်နှုန်း လျော့ကျသွားပါတယ်။ ၂၀၀၃ခုနှစ်ကတည်းက ပထမဆုံး လျော့ကျမှုဖြစ်ပါတယ်။ ရောဂါကပ်ဘေးကြောင့် ခရီးသွားလာခွင့်တွေ ထိန်းချုပ်တာနှင့် အလုပ်အကိုင်ဆုံးရှုံးတာတွေကြောင့် နိုင်ငံခြားသားလုပ်သားတွေဟာ စင်္ကာပူက ထွက်ခွာခဲ့ကြရတာဖြစ်ပါတယ်။
 
Source: TST