Published 19 March 2022

ဆီးရီးယားသမ္မတ ဘာရှာအယ်အာဆတ်ဟာ အာရပ်စော်ဘွားများသမ္မတနိုင်ငံကို သောကြာနေ့က သွားရောက်ခဲ့ပါတယ်။ ၂၀၁၁ခုနှစ် ပြည်တွင်းစစ်ဖြစ်ပွားပြီးနောက် အာရပ်နိုင်ငံတစ်ခုဆီသို့ သူ့ရဲ့ ပထမဆုံးပြည်ပတရားဝင်ခရီးဖြစ်ပါတယ်။

အာဆတ်ဟာ အာရပ်စော်ဘွားများ သမ္မတနိုင်ငံရဲ့လက်တွေ့ခေါင်းဆောင်ဖြစ်တဲ့ အိမ်ရှေ့မင်းသား ရှိတ်မိုဟာမက် ဘင်ဇာယက်အယ်လ်နာယမ်နှင်  အာဘူဒါဘီမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဒီလိုတွေ့ဆုံမှုဟာ ဆီရီးယားနှင့် ယူအေအီးအကြား နွေးထွေးတဲ့ဆက်ဆံရေးကိုပြသတဲ့ နောက်ဆုံးလက္ခဏာတစ်ခုပါ။ နှစ်နိုင်ငံဟာ ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလမှာ ဆက်ဆံရေးပြတ်တောက်ခဲ့ကြတာဖြစ်ပါတယ်။

Source AFP