Published 13 March 2022

ဆွီဒင်နိုင်ငံ စတော့ဟုမ်းမှာ အခြေစိုက်တဲ့ အေဂျင်စီအသေးကလေးတစ်ခုဖြစ်တဲ့ Eccho Rights ဟာ အခု အတော့်ကို အလုပ်များနေခဲ့ရပါတယ်။ ယခုယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလင်စကီး သရုပ်ဆောင်ထားတဲ့ ဇာတ်မြူးရုပ်သံစီးရီးကို ရုပ်သံထုတ်လွှင့်ခွင့်လာတောင်းသူတွေများနေလို့ပါ။

ပထမတော့(၁)ဦး၊နောက်တော့(၂) အဲသလိုနှင့် (၂၀)လောက်အထိ ဖြစ်လာနေပါတယ်။

အဲဒီရုပ်သံဇာတ်လမ်းတွဲမှာ ဇီလင်စကီးဟာ သာမန်ကျောင်းဆရာကလေးတစ်ဦးကနေ မမျှော်လင့်ဘဲ ယူကရိန်းသမ္မတဖြစ်သွားရတဲ့ ဇာတ်လမ်းမှာ ပြောင်မြောက်စွာ သရုပ်ဆောင်ခဲ့တာပါ

ယူကရိန်းကို ရုရှားက ဝင်ရောက်ကျူးကျော်အပြီးမှာပဲ ဗြိတိန်က ချယ်နယ်လ်(၄)၊ ဂရိက အေအင်န်တီ-၁ နှင့် ရိုမေနီးယားက ပရိုတီဗွီတို့ဟာ  ခပ်သွက်သွက်ရောက်လာပြီး အဲဒီ ၂၀၁၅ခုနှစ်တုန်းက ယူကရိန်းမှာပြသခဲ့တဲ့  "Servant of the People" ရုပ်သံဇာတ်မြူကို ထုတ်လွှင့်ပြသခွင့်တောင်းခဲ့ကြပါတယ်။

ထုတ်လွှင့်ပြသခွင့်တစ်ခုရဲ့ဈေးက ဘယ်လောက်လဲဆိုတာကို လျှို့ဝှက်ထားပေမယ့် ယူရိုတစ်သန်းခန့်ရှိတယ်လို့ သိရပါတယ်။

အဲဒီဇာတ်လမ်းတွဲထဲက ဇာတ်ဝင်ခန်းတစ်ချို့ကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်

Source AFP/ECCHO RIGHTS