Published-5 August 2021

မဏိပူပြည်နယ်ရဲတွေဟာ အင်ဖာအရှေ့ဖက်ကလူတစ်ဦးကို Remdesivir ရမ်ဒီဆီဗီယာ ထိုးဆေးအတုတွေနှင့်အတူ တနင်္လာနေ့ကဖမ်းဆီးရမိခဲ့တယ်လို့ အိန္ဒိယအိတ်စ်ပရက်သတင်းဌာနက သတင်းရေးသားပါတယ်။
 
အဲဒီဆေးတုတွေဟာ တန်ဖိုးအားဖြင့် အိန္ဒိယရူပီး၁၄သိန်းခန့်ရှိပါတယ်။ ဆာမတ်စတီပါခရိုင်၊ ဘီဟာဆက်ဆမ်ရွာက အဲဒီသူကို ရဲတွေက ရှစ်ရက်ချုပ်မိန့်နှင့် ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။
 
အသက်၅၅နှစ်အရွယ် သံသယတရားခံ လာလိုရှားကို ပုံမှန်ရှာဖွေစစ်ဆေးရေးရဲတစ်ဖွဲ့က စစ်ဆေးစဉ် ဖမ်းဆီးမိတာဖြစ်ပါတယ်။
 
“ ကျွန်တော်တို့ဟာအိတ်နှစ်အိတ်ထဲ ထည့်လာတဲ့ Remdesiviထိုးဆေး ၄၁၁ လုံးကို သိမ်းဆည်းရမိလိုက်ပါတယ်။သူဟာ တရားဝင်စာရွက်စာတမ်းမပြနိုင်တဲ့အတွက် သူ့ကိုဖမ်းဆီးခဲ့ပါတယ်” လို့ ရဲအရာရှိဟာရိုဂျစ်ကပြောပါတယ်။
 
ကျန်းမာရေးဌာနရဲ့ကနဦးစစ်ဆေးချက်အရ အဲဒီထိုးဆေးတွေဟာ အတုတွေဖြစ်နိုင်တယ်လို့သူကပြောပါတယ်။
 
“ ကျန်းမာရေးဌာနမှာရှိနေတဲ့ ဆေးအစစ်တွေနှင့် တံဆိပ်ကအစ ယှဉ်ကြည့်လိုက်တဲ့အခါ အတုဖြစ်ဖို့များတယ်။
ဒါပေမယ့် ဆေးဝါးတွေကို တရားဝင်စာရွက်စာတမ်းမရှိဘဲ ဘယ်သူမှ ပိုင်ဆိုင်သယ်ဆောင်ခွင့်မရှိဘူး” လို့ ဟာရိုဂျစ်က ပြောပါတယ်။
 
ဒီဆေးဟာ မြန်မာနိုင်ငံဘက်က ဝယ်အားအရောင်းကောင်းနေတယ် လို့
သူကဖြည့်စွက်ပြောပါတယ်။
 
Source: indiaexpress