Published-4 August 2021

ယဉ်ကျေးမှုအရဦးစားပေးမှုနှင့် အချို့နိုင်ငံတွေမှာ လိင်ရွေးချယ်ကိုယ်ဝန်ဖျက်ချမှုတိုးပွားလာခြင်းတွေကြောင့် လာမယ့် ဆယ်စုနှစ်တွေမှာ အမျိုးသားအရေအတွက်ဟာ အမျိုးသမီးအရေအတွက်ထက် သိသိသာသာများပြားလာလိမ့်မယ်လို့ သုတေသနသမားတွေက သတိပေးလိုက်ပါတယ်။ 

 

လက်ရှိ ကမ္ဘာလုံးဆိုင်ရာ လိင်အချိုးအစားကို သုတေသနပြုချက်အသစ်အရ ရေရှည်မှာ အဲဒီမညီမျှမှုဟာ ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်မှုကို အန္တရာယ်ရှိစေလာနိုင်တယ်လို့ ကောက်ချချထားပါတယ်။ 

 

 

လိင်အချိုးအစားမမျှတာနေတဲ့ နိုင်ငံတွေဟာ ၂၀၃၀အရောက်မှာ အမျိုးသမီး၄.၇သန်းလျော့သွားနိုင်ပြီး ၂၁၀၀ပြည့်နှစ်အရောက်မှာ အမျိုးသမီး၂၂သန်းလျော့နည်းသွား မယ့် အလားအလာရှိနေပါတယ်။ 

 

 

BMJ Global Health သိပ္ပံပညာဆိုင်ရာ ဂျာနယ်ထဲက သုတေသနစာတမ်းတစ်ခုအရ မီးမဖွားမီ ယောကျ်ားလေး၊မိန်းခလေး ရွေးချယ်မှုကြောင့် လျော့နည်းသွားနိုင်တဲ့ မိန်းကလေးအရေအတွက်ဟာ စုစုပေါင်းလျော့နည်းသွားနိုင်တာထက် တစ်ဝက်လောက်ရှိပါတယ်။ အရှေ့တောင်ဥရောပကနေ တောင်နှင့်အရှေ့အာရှတို့မှာ ၁၉၇၀ပြည့်လွန်နှစ်တွေကတည်းက လိင်အချိုးအစား တိမ်းစောင်းမှုတွေရှိနေတာဖြစ်ပါတယ်။ 

 

 

“ လူဦးရေထဲမှာ မအရေအတွက်က မျှော်လင့်ထားတာထက်နည်းပါးနေတာကြောင့် လူမှုအပြအမူကိုဆန့်ကျင်တာတွေ၊ အကြမ်းဖက်မှုတွေနှင့် ရေရှည်တည်ငြိမ်မှုနှင့် လူမှုရေးစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုတွေအပေါ် အကျိုးသက်ရောက်မှု တွေရှိလာလိမ့်မယ်” လို့ သုတေသနပြုသူတွေကရေးထားပါတယ်။

 

 

အခုသုတေသနကို ၁၉၇၀ပြည့်နှစ်ကနေ ၂၀၂၀ အထိ နိုင်ငံပေါင်း ၂၀၄နိုင်ငံက မီးဖွားစာရင်းလူသုံးဘီလျံကျော်ရဲ့ အချက်အလက်တွေအပေါ် အခြေခံပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီအပြင် တရုတ်နှင့်အိန္ဒိယအပါအဝင် လိင်အချိုးအစားရွဲ့စောင်းနေတဲ့ နိုင်ငံတွေရဲ့ အတွေ့အကြုံတွေကိုလည်း ကြည့်ရှုထားပါတယ်။

 

 

၁၉၇၀ပြည့်နှစ်ကနေ ၂၀၁၇အထိ ပျက်ကွက်နေတဲ့ မိန်းကလေးမွေးဖွားမှုဟာ ၄၅သန်းခန့်ရှိမယ်လို့ခန့်မှန်းထားပါတယ်။ အဲဒီထဲက ၉၅ရာခိုင်နှုန်းဟာ တရုတ်နှင့် အိန္ဒိယတို့ကဖြစ်ပါတယ်။ 

 

 

ငယ်ရွယ်တဲ့ ယောကျ်ားလေးတွေ ပိုထွက်နေတာတွေဟာ ရေရှည်မှာ ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံခန့်ရှိလာနိုင်ပြီး အကျိုးသက်ရောက်နေတဲ့ နိုင်ငံတွေဆီမှာ ဘာမှန်းမသိနိုင်သေးတဲ့ လူမှုရေးနှင့် စီးပွားရေး ရိုက်ခတ်မှုတွေဆီ ဦးတည်သွားစေလိမ့်မယ်လို့ သုတေသနပညာရှင်တွေက ပြောဆိုထားပါတယ်။
 
လိင်အချိုးအစားရွဲ့စောင်းနေတဲ့အတွက် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေထဲက တစ်ခုက အမျိုးသားတွေအတွက် လက်ထပ်ထိမ်းမြားမှုကျုံ့သွားခြင်းပဲ ဖြစ်ပါတယ်။ မိန်းကလေးတွေက နည်းတော့ ယောကျ်ားလေးတွေ လက်ထပ် လို့မရတဲ့အခြေအနေဖြစ်ပါတယ်။ အဲဒီပြသနာကိုဖြေရှင်းနိုင်ဖို့ လက်ရှိလိင်အချိုးအစားကို ပြင်နိုင်ဖို့ အဲဒီနိုင်ငံတွေမှာ ချက်ခြင်းအရေးယူဆောင်ရွက်မှုတွေ လုပ်ကြရမယ်လို့ သုတေသနပညာရှင်တွေက သတိပေးလိုက်ပါတယ်။
 
ဖြစ်နိုင်ချေရှိနေတဲ့ မွေးဖွားလိင်မမျှတမှုကိုနားလည်မယ်ဆိုရင် ကမ္ဘာတစ်လွှားမှာ လိင်ဆိုင်ရာ တည်ဆောက်မှုပုံစံ ပြောင်းလဲဖို့ ကြိုတင်စီစဉ်ရေးဆွဲတာတွေ မလုပ်မဖြစ်လိုအပ်လာလိမ့်မယ်လို့လည်း သုတေသနတွေ့ရှိချက်က ပြောထားပါတယ်။ 

 

 

ဒါပေမယ့် လက်ရှိ မွေးဖွားလိင်မမျှတမှုဖြစ်နေတဲ့ နိုင်ငံတွေမှာ လာမယ့်ဆယ်စုနှစ်နှစ်စုအတွင်းမှာ တည်ငြိမ်ကျဆင်းလာဖွယ်ရှိတယ်လို့တော့ သုတေသနပညာရှင်တွေက ပြော့ပါတယ်။
စာတမ်းရေးသူတွေက ဒီပြသနာကို “ လိင်တန်းတူမှုသေချာရှိစေဖို့ ကျယ်ပြန့်တဲ့ ဥပဒေမူဘောင်” လို့ အမည်ပေးထားပါတယ်။

 

 

Source:RTNEWS