Published 5 March 2022

ယူကရိန်သမ္မတ ဗိုလိုဒီမာ ဇီလင်စကီးက  သူ့နိုင်ငံအပေါ် လေယာဉ်မပျံသန်းရဇုန်သတ်မှတ်ဖို့ ငြင်းဆန်လိုက်တဲ့အတွက် နေတိုးအဖွဲ့ကို ပြင်းထန်စွာ ဝေဖန်လိုက်ပါတယ်။ အနောက်နိုင်ငံတွေရဲ့မဟာမိတ်စစ်တပ်တွေဟာ ရှရှားရဲ့ နောက်ထပ် ကျူးကျော်လာမှုတွေကို ဖြစ်နိုင်ဖွယ်ရှိတာကိုသိထားတယ်။ ဒီနေ့ကျင်းပတဲ့ နေတိုးထိပ်သီးအစည်းအဝေးဟာ ပျော့ညံ့တဲ့ စိတ်ရှုပ်စရာကောင်းတဲ့ အစည်းအဝေးပဲလို့ သူကပြောသွားပါတယ်။ အခုကစပြီး နောက်သေဆုံးကြမယ့် ပြည်သူတွေဟာ ခင်ဗျားတို့ကြေင့်ပဲလို့ သူက ဒေါသတကြီးဝေဖန်သွားတာဖြစ်ပါတယ်။

Source AFP