Published 4 march 2022

ရုရှားနှင့်ယူကရိန်းတို့ရဲ့ ဘီလာရုစ်နိုင်ငံမှာပြုလုပ်တဲ့ ဒုတိယအကျော့ ဆွေးနွေးပွဲမှာ အရပ်သားတွေကယ်ထုတ်ဖို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံတွေ ဖွဲ့စည်းစီစဉ်ဖို့ မတ်လ(၃)ရက် ကြာသပတေးနေ့က သဘောတူညီခဲ့ကြပါတယ်။

အရပ်သားတွေဆွဲထုတ်မယ့်နည်းလမ်းတစ်ခုဖန်တီးရာ မှာ ပူးပေါင်းဆောင်ရွက် နှစ်ဘက်သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။

ရုရှားကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တဲ့ သမ္မတရဲ့လက်ထောက် ဗလက်ဒီမာ မီဒင်စကီးက ကြာသပတေးနေ့ ဆွေးနွေးပွဲမှာ အဓိကအားဖြင့် အရပ်သားတွေကာကွယ်ပေးဖို့ နှင့် လူသာချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံတွေကို ပုံမှန်တိုးတက်မှု ရှိနေအောင်ဖန်တီးဖို့တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။

ဆွေးနွေးပွဲမှာ သဘောတူခဲ့တာတွေကို နှစ်ဘက်ပါလီမန်တွေမှာ အတည်ပြုချက်ရယူဖို့လိုသေးတယ်လို့ ရုရှားနိုင်ငံ ဒူမား နိုင်ငံတကာရေးရာကော်မတီဥက္ကဋ္ဌ လီရွန်နစ်ဆလပ်စကီးက ပြောပါတယ်။ နှစ်ဘက်စလုံးဟာ တတိယအကျော့ ဆွေးနွေးပွဲကို မကြာခင်ထပ်မံကျင်းပဖို့ရှိတယ်လို့လည်း သူကပြောပါတယ်။ သူက ဆွေးနွေးပွဲတွေထပ်လာဦးမယ်လို့လည်း ပြောပါတယ်။

ယူကရိန်းသမ္မတရုံးအကြီးအကဲရဲ့ အကြံပေးဖြစ်သူ မိုင်ခါလိုပိုဒိုလီယတ်ကတော့ ဆွေးနွေးပွဲမှာ ယူကရိန်းဟာ လိုလားတဲ့ ရလာဒ်မရရှိခဲ့ဘူးလို့ ပြောပါတယ်။ယူကရိန်းဘက်က လူသားချင်းစာနာထောက်ထားမှုစင်္ကြံထဲမှာ အပစ်အခတ်ရပ်စဲရေးကိုပါ ထည့်စဉ်းစားကောင်းစဉ်းစားမယ်လို့ သူကပြောပါတယ်။နှစ်ဘက်စလုံးက ဆက်ဆံရေးအထူးလမ်းကြောင်းတစ်ခု ဖွင့်ထားသင့်တယ်လို့လည်းသူကဆိုပါတယ်။

ဒုတိယကျော့ဆွေးနွေးမှုကို ရုရှားက ယူကရိန်းမှာ သူတို့အဆိုအရ အထူးစစ်ဆင်ရေးဆိုတာစတင်ပြီး ရှစ်ရက်အကြာမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Source CMG