Published-3 August 2021
 
ဆိုးလ် ဩဂုတ်၃-တောင်ကိုးရီးယားနိုင်ငံတွင် ပထမဆုံး”ဒယ်လ်တာ ပလပ်စ်(Delta Plus)မျိုဗီဇကွဲကူးစက်ခံရသူနှစ်ဦးကို တွေ့ရှိခဲ့ရတယ်လို့ ကိုးရီးယားရောဂါထိန်းချုပ်ကာကွယ်ရေးအေဂျင်စီ(KDCA) က အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။ တောင်ကိုရီးယားဟာ စတုတ္ထမြောက်ကိုဗစ်လှိုင်းနှင့် တစ်နိုင်ငံလုံးစစ်ခင်းနေကြရတဲ့အချိန်မှာ ယခုလိုထပ်မံတွေ့ရှိရတာဖြစ်ပါတယ်။
ဒယ်လ်တာ ပလပ်စ်ဟာ အိန္ဒိယမှာ စတွေ့ရတဲ့ ဒယ်လ်တာမျိုးဗီဇကွဲရဲ့ အဆက်အနွယ်ခွဲတစ်ခုဖြစ်ပြီး ယင်းက K417N လို့ခေါ်တဲ့ စပိုက်ပရိုတိန်း သန္ဓေပြောင်းကို ရယူသိုမှီးထားပါတယ်။တောင်အာဖရိကမှာ ပထမဆုံးတွေ့ရတဲ့ ဘီတာ မျိုးဗီဇကွဲမှာလည်း K417N ကိုတွေ့ရပါတယ်။
 
ဒယ်လ်တာ ပလပ်စ်ကို ယခုအထိ နိုင်ငံအနည်းငယ်မှာပဲ တွေ့ရပါသေးတယ်။ အဲဒီအထဲမှာ ဗြိတိန်၊ပေါ်တူဂီနင့် အိန္ဒိယနိုင်ငံ တွေမှာ ကူးစက်မှု အနည်းငယ်စီပဲတွေ့ရပါသေးတယ်။
“ ပထမဆုံးတွေ့ရတဲ့သူက အသက်၄၀အရွယ် တောင်ကိုးရီးယားနိုင်ငံသား အမျိုးသားတစ်ဦးဖြစ်ပါတယ်။ သူ့ဆီမှာ လတ်တလော ခရီးသွားမှတ်တမ်း မရှိပါဘူး” လို့ ကေဒီစီအေက ရိုက်တာကို စာမက်ဆေ့နှင့် ပြန်လည်ပြန်ကြားပါတယ်။
 
အဲဒီသူနှင့်ထိတွေ့ထားတဲ့ မိသားစုဝင်တွေကို စစ်ဆေးရာမှာ တစ်ဦးက ပေါ့စတစ်ထွက်ပါတယ်။ ဒါပေမယ့် အဲဒီသူဟာ ဒယ်လ်တာပလပ်စ်ဗိုင်းရပ်စ် ကူးတာဟုတ်မဟုတ်ကိုတော့ ကေဒီစီအေက အတည်ပြုမပေးပါဘူး။
 
“ ဒယ်လ်တာ ပလပ်စ် ဒုတိယမြောက် ကူးစက်ခံရသူက ပြည်ပခရီးသွားတစ်ဦးပါ” လို့ ကေဒီစီအေက ပြောပါတယ်။
ကာကွယ်ဆေးတော်တော်များများက နိုင်ငံအများအပြားမှာ မင်းမူနေတဲ့ ကူးစက်မှုအလွန်မြန်ဒယ်လ်တာမျိုးဗီဇကွဲအပေါ် ထိရောက်မှုရှိပေမယ့် မျိုးကွဲအသစ်တွေဟာ ကာကွယ်ဆေးကို ရှောင်ပြီးကူးစက်နိုင်လာမှာကိုလည်း ကျန်းမာရေးဌာနတွေက စိတ်ပူနေကြပါတယ်။
 
တောင်ကိုးရီယားနိုင်ငံမှာ အင်္ဂါနေ့အထိ လူဦးရေရဲ့ ၃၉ရာခိုင်နှုန်းဖြစ်တဲ့ လူပေါင်းသန်း၂၀ကို ကာကွယ်ဆေးထိုးနှံပြီးပါပြီ။ ၁၄.၁ရာခိုင်နှုန်းကအပြည့်အဝထိုးနှံပြီးကြပြီး ကျန်သူတွေက အနည်းဆုံးတစ်ကြိမ်ထိုးပြီးသူတွေဖြစ်ကြပါတယ်။
 
စက်တင်ဘာလမှာ လူ၃၆သန်းကာကွယ်ဆေးထိုးပြီးဖြစ်ဖို့ တောင်ကိုးရီးယားကရည်မှန်းထားကြောင်း ရိုက်တာက သတင်းရေးသားပါတယ်။
 
Source: Reuters