Published 28 February 2022

ယူကရိန်းမှာဖြစ်ပျက်နေတဲ့ အခြေအနေတွေကြောင့် ဥရောပသမဂ္ဂက ရုရှားလေယာဉ်တွေအတွက် ယင်းတို့ရဲ့လေကြောင်း ပိုင်နက်ကို ပိတ်ပစ်လိုက်တယ်လို့ ယင်းရဲ့ တနင်္လာနေ့က တရားဝင်သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

“ ရုရှားလေကြောင်းလိုင်းတွေက ပျံသန်းပြေးဆွဲနေတဲ့ လေယာဉ်တွေ၊အဲဒီအထဲမှာ code-sharing နှင့် blocked-space အစီအစဉ်နှင့်ပျံသန်းနေတာတွေ၊ရုရှားမှတ်ပုံတင်ထားတဲ့ လေယာဉ်တွေ၊ရုရှားရဲ့သဘာဝအအလျာက်ဖြစ်တည်ထားတဲ့  နိုင်ငံသားတွေ ဒါမှမဟုတ် ဥပဒေအရဖြစ်တည်တဲ့နိုင်ငံသားတွေ၊အဖွဲ့အစည်းတွေက ငှားထားတာ၊ပိုင်ထားတာ၊ထိန်းချုပ် ထားတာတွေဖြစ်တဲ့ အခြားနိုင်ငံတစ်နိုင်ငံက လေယာဉ်တွေအားလုံးဟာ ဥရောပသမဂ္ဂလေပိုင်နက်ထဲကနေ ပျံတက်ခြင်း၊ ပျံသန်းခြင်းတွေကို ပိတ်ပင်လိုက်တယ်” လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါပေမယ့် လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာရည်ရွယ်ချက်တစ်ခုခု ဒါမှမဟုတ် ယခုစည်းကမ်းသတ်မှတ်ချက်တွေနှင့် ကိုက်ညီတဲ့ အခြားရည်ရွယ်ချက်တစ်ခုခုကြောင့် ဆင်းသက်ခြင်း၊ပျံတက်ခြင်းနှင့် ဖြတ်ကျော်ပျံသန်းခြင်းတွေလိုအပ်လာပါက သက်ဆိုင်ရာ အခွင့်အာဏာရှိသူတွေက ခွင့်ပြုနိုင်တယ် လို့ ခြွင်းချက်အဖြစ်ဖော်ပြထားပါတယ်။

Source: TASS