Published 27 February 2022

အမေရိကန်အစားအစာနှင့်ဆေးဝါးဌာနက ပထမဆုံးအဖြစ် ဒီတစ်ပတ်ထဲမှာ စအိုဖြင့်လိင်ဆက်ဆံမှုပြုရန် ရည်ရွယ်ထုတ် လုပ်ထားတဲ့ ကွန်ဒုံးကို အတည်ပြုပေးလိုက်ပါတယ်။

အမျိုးသားကွန်ဒုံးတစ်ခုဟာ အခြားသော ရာပေါင်းများစွာသော ကွန်ဒုံးများနှင့် ဈေးကွက်ထဲမှာ သိသာစွာကွာခြားမှုမရှိပေမယ့်  စအိုဖြင့်လိင်ဆက်ဆံစဉ်အတွင်း လိင်ပိုင်းဆိုင်ရာရောဂါတွေကူးစက်မှုကိုလျှော့ချပေးနိုင်ဖို့အတွက် “ လုံခြုံစိတ်ချ ထိရောက်စွာ အသုံးပြုနိုင်” ဆိုတဲ့ အမှတ်တံဆိပ်ရေးသား  အသုံးပြုခွင့်ပြုတာဖြစ်ပါတယ်။အဲဒီအပြင် ကွန်ဒုံးကို သန္ဓေတားဖို့နှင့် သဘာဝ အတိုင်းလိင်ဆက်ဆံမှုအတွင်း လိင်ကတစ်ဆင့်ကူးစက်ရောဂါတွေဖြစ်ပွားခြင်းကိုလျှော့ချရာတွင် အသုံးပြုဖို့လည်း အတည်ပြု ပေးခဲ့တာဖြစ်ပါတယ်။

သုတေသနပညရှင်တွေ၊ရှေ့နေတွေနှင့် ကုမ္ပဏီတွေအတူတကွပူးပေါင်းဆောင်ရွက်မှုကြောင့် ဒီလိုပြောင်းလဲမှုကြီးတစ်ခု လုပ်ဆောင်နိုင်ခဲ့ကြတာဖြစ်တယ်လို့ ဘောစတွန်အခြေစိုက် Global Protection Corpရဲ့ ဥက္ကဋ္ဌနှင့် တည်ထောင်သူ ဒေဗင် ဝီဒဲလ်က သတင်းထုတ်ပြန်ချက်ထဲမှာပြောပါတယ်။ သူတို့ကုမ္ပဏီဟာ One Male Condom ဆိုတဲ့ကွန်ဒုံးထုတ်လုပ်သူ ဖြစ်ပါတယ်။  “ မွေးလမ်းကြောင်းဖြင့်လိင်ဆက်ဆံတဲ့ အချက်အလက်တွေအပေါ်အခြေခံပြီး အတည်ပြုချက်ရထားတဲ့ ကွန်ဒုံးပေါင်း ၃၀၀ကျော်ရှိပါတယ်။ ဒါပေမယ့် စအိုဖြင့်လိင်ဆက်ဆံတဲ့ အချက်အလက်တွေအပေါ်အခြေခံပြီးလုပ်ထားတဲ့ ကွန်ဒုံးကို အတည်ပြုတာအရင်ကမရှိခဲ့ဖူးပဲ ဒါပထမဆုံးဖြစ်တယ်” လို့ အဲဒီကုမ္ပဏီကပြောပါတယ်။

အစားအသောက်နှင့်ဆေးဝါးဌာနရဲ့ GastroRenal, ObGyn, General Hospital and Urology Devices ညွှန်ကြားရေးမှူး တစ်ဦးဖြစ်တဲ့ ကော့တ်နေလိုင်ယတ်စ်က  ပုံမှန်မွေးလမ်းကြောင်းဖြင့်လိင်ဆက်ဆံရာကရတဲ့ ကူးစက်ရောဂါတွေထက် စအိုဖြင့်လိင်ဆက်ဆံရာကရတဲ့ ကူးစက်ရောဂါတွေက သိသိသာသာမြင့်တက်နေတယ်လို့ ပြောပါတယ်။

စအိုဖြင့်လိင်ဆက်ဆံအတွက်သီးသန့်၊တွက်ချက်ပြီး အမှတ်တံဆိပ်ကပ်ထားတဲ့ ကွန်ဒိုတစ်ခုကို အက်ဖ်ဒီအေက အတည်ပြုပေးလိုက်တာဟာ စအိုဖြင့်လိင်ဆက်ဆံနေစဉ်အတွင်း ကွန်ဒိုအသုံးပြုလာနိုင်ခြေကို တိုးတက်စေလာနိုင်ပါတယ်” လို့လည်း လီယတ်စ်က သတင်းထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

စအိုဖြင့်လိင်ဆက်ဆံခြင်းဟာ အိတ်ချ်အိုင်ဗွီအကူးခံရမယ့်အန္တရာယ်အမြင့်မားဆုံးဖြစ်ပြီး  မွေးလမ်းကြောင်းက လိင်ဆက်ဆံခံရခြင်းထက် စအိုဖြင့်လိင်ဆက်ဆံခံရခြင်းက အိတ်ချ်အိုင်ဗွီကူးစက်မှု ၁၈ဆမြင့်မားကြောင်းတွေရပါတယ်။  အမေရိကန်အစိုးရရဲ့ ရောဂါထိန်းချုပ်ကာကွယ်ရေးဌာနရဲ့အဆိုအရ ၂၀၁၉ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုမှာ  အိတ်ချ်အိုင်ဗွီရောဂါကူးစက်ခံရသူ အသစ် ၃၆၈၀၁ ဦးထဲက ၆၉ရာခိုင်နှုန်းဟာ လိင်တူဆက်ဆံသူအမျိုးသားတွေနှင့် နှစ်ဖက်ချွန်လိင်ဆက်ဆံသူအမျိုးသားတွေဖြစ်ကြောင်းတွေ့ရပါတယ်။

One Male Condoms တွေကို ပုံမှန်၊အပါးနှင့် အံကိုက်ဆိုပြီး ပုံစံသုံးမျိးရှိပြီး အံကိုက်ပုံစံတစ်ခုတည်းမှာကိုပဲ အရွယ်အစားပေါင်း၅၄မျိုးကို ထုတ်လုပ်ထားပါတယ်။

အဲဒီကွန်ဒုံးတွေနှင့် အမျိုးသား အချင်းချင်းဆက်ဆံတဲ့ အမျိုးသား ၂၅၂ဦးနှင့် အမျိုးသမီးနှင့်ဆက်ဆံတဲ့အမျိုးသား ၂၅၂ ဦးတို့ကို အသုံးပြုစေပြီး စမ်းသပ်ခဲပါတယ်။အဲဒီအခါမှာ စအိုဖြင့်ဆက်ဆံသူတွေကြားထဲ မအောင်မြင်မှု ၀.၆၈ ရာခိုင်နှုန်းဖြစ်ပြီး မွေးလမ်းကြောင်းဖြင့်ဆက်ဆံသူတွေကြားထဲ မအောင်မြင်မှု ၁.၈၉  ရာခိုင်နှုန်းရှိတာတွေ့ရတယ်လို့ အက်ဖ်ဒီအေရဲ့ အချက်အလက်တွေအရသိရပါတယ်။မအောင်မြင်ဖူးဆိုတာက ကွန်ဒုံးလျောထွက်တာနှင့်ပေါက်ပြဲတာတို့ကိုဆိုလိုတာဖြစ်ပါတယ်။

Source NBC News