Published:27 February 2022

ခေတ်မီလယ်ယာစိုက်ပျိုးရေးအလေ့အထတွေနှင့်နည်းပညာတွေဖြစ်တဲ့  ဟိုက်ဒရိုပိုနစ်နည်းလို နည်းပညာတွေဟာ တရုတ်နိုင်ငံအရှေ့ပိုင်း ကျက်ကျန်းပြည်နယ်၊ဘိုင်ယန်မြို့က ယာခင်းတစ်ခုထဲမှာအသုံးပြုနေပြီး အဲဒီနည်းပညာကြောင့် ဟင်းသီးဟင်းရွက် ထုတ်လုပ်မှုစွမ်းအား တိုးတက်နေပါတယ်။

ဟိုက်ဒရိုပိုနစ်နည်းပညာဆိုတာက မြေဆီလွှာမသုံးဘဲနှင့် အပင်တွေကို အဟာရဖြည့်ရေတွေကိုသာ အသုံးပြုပြီး စိုက်ပျိုးတဲ့ နည်းပညာဖြစ်ပါတယ်။

အဲဒီယာခင်းထဲမှာ ဟိုက်ဒရိုပိုနစ်ဆလတ်ရွက်တွေကို စက်ရုပ်လက်ကြီးတွေနှင့် ရိတ်သိမ်းနေပါတယ်။ အဲဒီနောက် ထုတ်ပိုးမယ့် အလုပ်သမားတွေဆီ ရွေ့လျားစက်ခါးပတ်ကြီးတွေနှင့် ပို့ဆောင်ပေးပါတယ်။

Source CMG