#WorldHealth
Published 23 February 2022

 

တူရကီလူမျိုးတစ်ဦးဟာ ကိုဗစ်ရောဂါပိုးစစ်ဆေးလိုက်တိုင်းမှာ ရောဂါပိုးတွေ့ရှိကြောင်းသာအဖြေထွက်နေတာကြောင့် သီးသန့်ခွဲနေထိုင်နေရတဲ့အချိန်ကာလ တစ်နှစ်ကျော်သွားပြီဖြစ်ပါတယ်။

 

တူရကီနိုင်ငံမှ 'မူဇာဖာကာယာဆန်'ဆိုတဲ့လူဟာ ၂၀၂၀ နှစ်ကုန်ပိုင်းလောက်ကစပြီး ကိုဗစ်ရောဂါပိုးစစ်ဆေးချက်ပေါင်း ၇၈ ကြိမ်စမ်းသပ်ခဲ့ရာမှာ အကြိမ်တိုင်းရောဂါပိုးတွေ့ရှိကြောင်း အဖြေထွက်ပေါ်နေခဲ့ပါတယ်။

 

ဒါကြောင့် ပြီးခဲ့တဲ့ ၁၄ လစလုံး အိမ်နဲ့ဆေးရုံမှာသာ သီးသန့်ခွဲနေထိုင်ရင်း အချိန်ကုန်နေခဲ့ရပါတယ်။

 

အသက် ၅၆ နှစ်ရှိ 'ကာယာဆန်'ဟာ သွေးကင်ဆာဝေဒနာခံစားနေရသူဖြစ်ကာ အခုလက်ရှိ အစ္စတန်ဘူလ်ရှိနေအိမ်မှာ နေထိုင်နေရတာဖြစ်ပါတယ်။

 

သီးသန့်ခွဲနေထိုင်ရခြင်းကို ကျင့်သားရနေပြီဖြစ်ပေမယ့် သူ့ကလေးတွေမြေးတွေနဲ့ အွန်လိုင်းမှ ဗီဒီယိုခေါ်ဆိုမှုတွေသာ ပြုလုပ်နေရပါတယ်။

 

ဒီလိုနေထိုင်ရတာကို အပြောင်းအလဲလုပ်ချင်နေပြီး အစိုးရကိုအကူအညီတောင်းခံထားပါတယ်။

 

တူရကီနိုင်ငံပိုင် အန်နာဒိုလူသတင်းဌာနရဲ့ပြောကြားချက်အရ 'ကာယာဆန်'ဟာ ၂၀၂၀ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိခဲ့ပါတယ်။

 

အဲဒီအချိန်တုန်းက သူနဲ့အတူရှိခဲ့တဲ့ ဇနီးဖြစ်သူနဲ့သားဖြစ်သူတိုကတော့ ရောဂါပိုးမတွေ့ရှိခဲ့ကြပါဘူး။

 

တူရကီနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ်ဥပဒေမှာ ရောဂါပိုးမတွေ့ရှိပါက သီးသန့်ခွဲနေထိုင်ခြင်းကာလ ၂ ပတ်နေထိုင်ရမှာဖြစ်ပြီး 'ကာယာဆန်'က အဆိုပါဥပဒေကနေ ကင်းလွတ်ခွင့်ရရှိချင်နေတာဖြစ်ပါတယ်။

 

သူ့ရဲ့ဆရာဝန်တွေက ဒါဟာသွေးကင်ဆာခံစားနေရတာကြောင့် ကိုယ်ခံအားကျဆင်းကာ အမြဲတမ်းရောဂါပိုးတွေ့ရှိကြောင်း အဖြေထွက်တာဖြစ်မယ်လို့ ယူဆနေကြပါတယ်။

 

"ကျွန်တော် ကိုဗစ်ရောဂါကနေသက်သာနေပါပြီ။ ဒါပေမယ့် ခန္ဓာကိုယ်ထဲမှာ ကိုရိုနာဗိုင်းရပ်စ်အကြွင်းအကျန်တွေ ရှိနေဆဲဖြစ်တာကြောင့် စစ်ဆေးတိုင်း ရောဂါပိုးတွေ့ရှိနေတာဖြစ်ပါလိမ့်မယ်" လို့ 'ကာယာဆန်'က ပြောပြလိုက်ပါတယ်။

 

ကိုဗစ်ရောဂါပိုးကင်းစင်မှ ကိုဗစ်ကာကွယ်ဆေးထိုးနိုင်မှာဖြစ်တဲ့အတွက် အမြဲရောဂါပိုးတွေ့နေတဲ့ 'ကာယာဆန်'ကတော့ အခုထက်ထိ ကာကွယ်ဆေးထိုးခွင့်မရသေးတာဖြစ်ပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group