Published 22 February 2022

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်တို့ဟာ ယူကရိန်းပြသနာနှင့် ကိုရီးယားကျွန်းဆွယ်အရေးကိစ္စတို့ကို  ဖုန်းဖြင့်ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။

ဖုန်းဆက်သွယ်ပြောဆိုရာမှာ ဘလင်ကန်က လက်ရှိယူကရိန်းအရေးကိစ္စနှင့်ပတ်သက်လို့ အမေရိကန်ရဲ့အမြင်နှင့်ရပ်တည်ချက်တွေကို အကျဉ်းချုပ်ပြောဆိုခဲ့ပါတယ်။

ယူကရိန်းအရေးကိစ္စနှင့်ပတ်သက်လို့ တရုတ်နိုင်ငံအနေနှင့်စိုးရိမ်မိပြီး တရုတ်ရဲ့ရပ်တည်ချက်ဟာ အပြောင်းအလဲမရှိတစ်သတ်မတ်တည်းရှိတယ်လို့ ဝမ်ယီက ဘလင်ကန်ကိုပြန်လည်ပြောဆိုခဲ့ပါတယ်။

Source CMG

#Ukraine_Issue_US_China

#WangYi_And_Blinken

#China_US_Politics

ရုပ်သံကြည့်ရှုရန်>>