Published 2 February 2022

ရုရှားသမ္မတပူတင်က ယူကရိန်းခွဲထွက်ရေးဒေသနှစ်ခုကို အသိအမှတ်ပြုလိုက်တဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ရှုတ်ချလိုက်ပါတယ်။

“ DNR နှင့် LNR လို့ဆိုကြတဲ့ ယူကရိန်းဒေသတွေရဲ့ လွတ်လပ်ရေးကို အသိအအမှတ်ပြုလိုက်တဲ့အတွက်  ဘိုင်ဒန်က ရုရှား သမ္မတ ဗလက်ဒီမာပူတင်ကို ပြင်းထန်စွာရှုတ်ချတဲ့အကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီးနှင့် ဖုန်းပြောဆိုစဉ် ပြောဆိုခဲ့တယ်လို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။

ဘိုင်ဒန်ဟာ ပြင်သစ်ခေါင်းဆောင် အီမန်နျူယယ်မာခရွန်၊ဂျာမနီခေါင်းဆောင် အိုလက်ရှိုးဇ်တို့နှင့်လည်း နောက်တစ်ဆင့် ဘယ်လိုတုန့်ပြန်ကြဖို့ ဘယ်လိုဆက်ပြီးပူးပေါင်းဆောင်ရွက်ကြမယ်ဆိုတာကို ဆွေးနွေးခဲ့တယ်လို့ နောက်သတင်းထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြထားပါတယ်။

Source Reuters