Published 16 February 2022

တူရကီနိုင်ငံက ချီလ်ဒစ်ရေကန်ကြီးဟာ ဆောင်းတွင်းခရီးသွားလုပ်ငန်းအတွက် ထင်ရှားတဲ့ ကမ္ဘာလှည့်ခရီးသွားဒေသတစ်ခု အဖြစ်ပြည်တွင်းပြည်ပခရီးသွားတွေကို ဆွဲဆောင်နေပါတယ်။ ချီလ်ဒစ်ရေကန်ကြီးဟာ တူရကီနိုင်ငံ ခါးစ်နှင့် အာဒါဟန်ပြည်နယ်နှစ်ခုအကြား အရှေ့မြောက်ပိုင်းအန်နက်တိုလီယာဒေသမှာ တည်ရှိပါတယ်။

ချီလ်ဒစ်ကန်ကြီးဟာ ဆောင်းရာသီလတွေမှာ အေးခဲသွားလေ့ရှိပါတယ်။ အဲဒီအပြင် ကန်ထဲကရေခဲထုကြီးကလည်း ၄၀စင်တီမီတာကနေ ၄၅ စင်တီမီတာအထိ ထု(ဒု)ရှိပါတယ်။ ပြည်တွင်းပြည်ပခရီးသွားတွေဟာ အေးခဲနေတဲ့ကန်မျက်နှာပြင်ကို ကောင်းကောင်းအသုံးချပြီး မြင်းတပ် စွတ်ဖားလှည်းတွေစီးကြပါတယ်။

Source AFP