Published 15 Feb 2022

အင်ဒိုနီးရှား‌ ကျောင်းဆရာတစ်ဦးဟာ ကျောင်းသူ(၁၃)ဦးကို အဓ္ဓမပြုကျင့်ခဲ့တဲ့အတွက် တရားရုံးတစ်ခုက သူ့ကို တစ်သက်တစ်ကျွန်းအမိန့်ချမှတ်လိုက်ပါတယ်။ ဒီအမှုကြောင့်  အင်ဒိုနီးရှားရဲ့ ဘာသာရေးဆိုင်ရာ‌ ဘော်ဒါကျောင်းအချို့မှာရှိနေတဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမော်ကားပြုမှုတွေနှင့်ပတ်သက်ပြီး တစ်နိုင်ငံလုံးက အာရုံစိုက်လာစေခဲ့ပါတယ်။

အသက်(၃၆)နှစ်အရွယ်ရှိ ကျောင်းဆရာ ဟာရီဝီရာဝန်ဟာ ကျောင်းသူ(၁၃)ဦးကို အဓ္ဓမပြုကျင့်ခဲ့တဲ့အတွက် အပြစ်ရှိကြောင်း အနောက်ဂျာဗားမှာရှိတဲ့ ဘန်ဒန်းခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။ အဲဒီအထဲက အနည်းဆုံးကျောင်းသူ(၈)ဦးမှာ ကိုယ်ဝန်ရရှိသွားရတယ်လို့လည်း အေအက်ဖ်ပီသတင်းမှာဖော်ပြထားပါတယ်။

Source AFP