Published 13 Feb 2022

တောရိုင်းပန်ဒါဝက်ဝံနီတစ်ကောင်ကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်က သဘာဝဘေးမဲ့တော တစ်ခုအတွင်းမှာ  ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ရက် အင်္ဂါနေ့ကတွေ့ရှိခဲ့ပါတယ်။

ဝါဝူရှန်သဘာဝဘေးမဲ့ဥယျဉ်ရဲ့ ဝန်ထမ်းတစ်ဦးက သူကိုင်ဆောင်ထားတဲ့ စမတ်ဖုန်းနှင့် အဲဒီပန်ဒါဝက်ဝံအနီကလေးကို ဗွီဒီယို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ပန်ဒါနီပေါက်စကလေးဟာ တောအုပ်အလယ်မှာ နှင်းတွေကြားထဲ ဟိုသည် သွားလာနေတာဖြစ်ပါတယ်။

သဘာဝဘေးမဲ့တောတွေဟာ ပန်ဒါနီတွေအတွက် ဆွဲဆောင်မှုအမြဲရှိနေပါတယ်။ အဲဒီဘေးမဲ့တောတွေဟာ တရုတ်နိုင်ငံရဲ့ ဒုတိယအတန်းအစား နိုင်ငံအဆင့်ကာကွယ်မှုပြုလုပ်ထားတဲ့နေရာတွေပါ။ ပန်ဒါနီတွေဟာ အေးခဲနေတဲ့ဆောင်းတွင်းပဲဖြစ်ဖြစ် ပူအိုက်တဲ့နွေမှာပဲဖြစ်ဖြစ် နှစ်စဉ်နှစ်တိုင်း အဲဒီနေရာက သူတို့ကိုဆွဲဆောင်နေတာပါ။

ဝါဝူရှန်သဘာဝဘေးမဲ့တောမှာ တောရိုင်းတိရိစ္စာန်တွေဖြစ်တဲ့ ပန်ဒါကြီး၊ပန်ဒါနီ၊နူးဆိတ်နှင့်မက်ကားမျောက်တွေကို ကြိမ်ဖန်များစွာ ကင်မရာတွေမှာ မှတ်တမ်းတင်တွေ့ရှိလေ့ရှိပါတယ်။

Source CCTVPlus