Published 10 Feb 2022

ကိုလံဘီယာရေတပ်ဟာ ကိုကင်းတွေကို တန်နှင့်ချီပြီးသယ်ယူပို့ဆောင်ပေးနေတဲ့ ရေငုပ်သင်္ဘောတစ်စီးကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ပါတယ်။ ဒီကိုကင်းတွေ့ရှိမှုဟာ လွန်ခဲ့တဲ့(၂)နှစ်အတွင်း ပင်လယ်အတွင်းမှာ မူးယစ်ဆေးဝါးဖမ်းဆီးရမှုတွေထဲမှာ အကြီးမားဆုံးဖြစ်ပါတယ်။

ကိုလံဘီယာရေတပ်က နာရီနိုကမ်းခြေမှာ မူးယစ်ဆေးဝါးတရားမဝင်ကုန်ကူးတာတွေကို တိုက်ဖျက်ဖို့ စစ်ဆင်ရေးတစ်ခုပြုလုပ်ခဲ့ကြရာမှာ ကိုလံဘီယာရေပိုင်နက်အတွင်း မောင်းနှင်နေတဲ့ ရေငုပ်သင်္ဘောတစ်စီးကို‌ ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီရေငုပ်သင်္ဘောကိုမောင်းနှင်နေတဲ့ လူလေးဦးနှင့်အတူ ကိုကင်း(၄)တန်ကို ဖမ်းဆီးသိမ်းမိခဲပါတယ်။ အဲဒီရေငုပ်သင်္ဘောဟာ အမေရိကားအလယ်ပိုင်းကမ်းခြေတွေကို ဦးတည်သွားနေတာဖြစ်ပါတယ်။ အဲဒီသိမ်းဆည်းရမိဟာ ပစိဖိတ်ရေတပ်ရဲ့ လွန်ခဲ့တဲ့(၂)နှစ်အတွင်း အကြီးမားဆုံးကိုကင်းဖမ်းဆီးရရှိမှုဖြစ်တယ်လို့ ကိုလံဘီယာရေတပ်ကပြောပါတယ်။

Source AFP