#WorldBusiness
Published- 4 Feb 2021
မာ့ခ်ဇူကာဘတ်ဟာ ကြာသပတေးနေ့တစ်ရက်တည်းမှာပဲ သူ့ရဲ့ Meta Platform က စတော့ဈေးတွေထိုးကျသွားလို့ သူ့ရဲ့ကြွယ်ဝချမ်းသာမှုတွေထဲက ဒေါ်လာ ၂၉ဘီလျံဆုံးရှုးမှုဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ ဘီလျံနာ ဂျက်ဖ်ဘီဇော့ဗ်ဟာ အမေဇုန် Amazon ရဲ့ ဝက်ဝက်ကွဲဝင်ငွေတွေကြောင့် ဒေါ်လာ ၂၀ဘီလျံ ပိုပြီးချမ်းသာကြွယ်ဝသွားပါတယ်။

ဇူကာဘတ်ရဲ့ Metaဟာ အမေရိကန်ကုမ္ပဏီတစ်ခုအနေနှင့် တစ်ရက်တည်းမှာပဲ ဈေးကွက်တန်ဖိုးအများဆုံးထိုးကျတဲ့ ကုမ္ပဏီဖြစ်ခဲ့ရပါတယ်။ အဲဒီရိုက်ခတ်မှုကြောင့် အမှုဆောင်အရာရှိချုပ် ဇူကာဘတ်ရဲ့ အသားတင် ချမ်းသာကြွယ်ဝမှု တန်ဖိုးဟာ ၈၅ဘီလျံသို့ကျဆင်းသွားတယ်လို့ Forbes မဂ္ဂဇင်းအရသိရပါတယ်။

ဇူကာဘတ်ဟာ ယခင်ဖေ့စ်ဘုတ်လို့သိကြတဲ့ အဲဒီနည်းပညာကုမ္ပဏီရဲ့ ရှယ်ယာ ၁၂.၈ ရာခိုင်နှုန်းပိုင်ဆိုင်ထားသူဖြစ်ပါတယ်။အမေဇုန် Amazonကို တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်တဲ့ ဘီဇော့ဗ်ဟာ ကုမ္ပဏီရဲ့ရှယ်ယာ ၉.၉ ရာခိုင်နှုန်းပိုင်ဆိုင်တယ်လို့ ရီဖီနီတစ်ပ်ဒေတာ အရသိရပါတယ်။ Forbes အဆိုအရ သူဟာ ကမ္ဘာ့တတိယမြောက်အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်။

အမေဇုန်ဟာ ရီဗီယန်ဆိုတဲ့ လျှပ်စစ်ကားကုမ္ပဏီမှာရင်းနှီးမြှပ်နှံလိုက်တဲ့အတွက် ယင်းရဲ့ အမြတ်တွေတက်လာပါတယ်။ ပြီးတော့ အမေရိကန်က လပေးကြည့်ရှုသူတွေရဲ့ နှုန်းထားတွေကိုလည်းမြှင့်မယ်လို့ဆိုထားတဲ့အတွက် သူ့ရှယ်ယာတွေ ၁၅ရာခိုင်နှုန်းမြင့်တက်သွားပါတယ်။ဒါဟာ ၂၀၀၉ အောက်တိုဘာကတည်းကဆိုရင် အကြီးမားဆုံး အမြတ်ထွက်ရှိမှုဖြစ်ပါတယ်။

ဘီဇော့ဗ်ရဲ့ အသားတင်ချမ်းသာကြွယ်ဝမှုဟာ လွန်ခဲ့တဲ့တစ်နှစ်ကထက်စာရင် ၂၀၂၁ခုနှစ်မှာ ၅၇ ရာခိုင်နှုန်း ပိုချမ်းသာလာပြီး စုစုပေါင်း ပိုင်ဆိုင်မှု ဒေါ်လာ ၁၇၇ဘီလျံအထိရှိလာပါတယ်။ ကပ်ဘေးအတွင်း လူတွေဟာ အွန်လိုင်းဈေးဝယ်တဲ့အပေါ် အကြီးအကျယ်မှီခိုနေရတာကြောင့် ဝင်ငွေတွေအမြင့်ဆုံးတိုးတက်ရရှိလာခြင်းဖြစ်ပါတယ်။

ဆူကာဘတ်ဟာ အခုဆိုရင် ကမ္ဘာ့အချမ်းသာဆုံးဘီလျံနာတွေထဲမှာ အဆင့် ၁၂နေရာရရှိနေပါတယ်။ သူဟာ အိန္ဒိယက ထိပ်သီးတွေဖြစ်တဲ့ မူကက်ခ်အမ်ဘာနီနှင့် ဂေါ်တန်အက်ဒါနီတိုရဲ့ နောက်မှာရောက်သွားပါတယ်။
Source Reuters