Published 2 February 2022

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့ဗ်က မော်စကိုရဲ့ လုံခြုံရေးဆိုင်ရာစိုးရိမ်ပူပန်မှုနှင့်ပတ်သက်လို့ ဝါရှင်တန်က ဆွေးနွေးဖို့အဆင်သင့်ရှိနေတယ်လို့ပြောကြားလိုက်ပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နှင့် ဖုန်းပြောဆိုအပြီးမှာ သူကထုတ်ဖော်ပြောကြားလိုက်တာပါ။ ရုရှားက သူတို့တောင်းဆိုချက် အပေါ် ဆက်လက်ကိုင်စွဲရပ်တည်သွားမယ်လို့လည်းသူကပြောပါတယ်။

Source AFP