#WorldHealth
Published - 1 February 2022


mRNA နည်းပညာကိုအသုံးပြုထုတ်လုပ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေဟာ စမ်းသပ်ဖန်ပြွန်ထဲမျိုးစပ်ခြင်းနည်းဖြင့် ကိုယ်ဝန်ဆောင်တဲ့ဖြစ်စဉ် (IVF)တွေမှာ သန္ဓေအောင်နိုင်စွမ်းကို ဆိုးကျိုးသက်ရောက်မှုမရှိကြောင်း သုတေသီတို့က တွေ့ရှိခဲ့ကြပါတယ်။

ဖိုင်ဇာ-ဘိုင်အိုတက်ခ် သို့မဟုတ် မိုဒါနာကာကွယ်ဆေးထိုးထားတဲ့သူတွေကို ကိုဗစ်ကာကွယ်ဆေးမထိုးထားတဲ့သူတွေရဲ့ သန္ဓေအောင်နိုင်စွမ်း၊ ကိုယ်ဝန်ဆောင်နှုန်းနဲ့ IVF ပြုလုပ်ထားတဲ့ အမျိုးသမီးတွေရဲ့ ကိုယ်ဝန်ပျက်ကျနှုန်းတိုကို နှိုင်းယှဉ်ကြည့်ခဲ့ကြပါတယ်။

မျိုးဥထုတ်လုပ်နိုင်ဖို့အတွက် သားဥအိမ်ကုသမှုခံယူထားသော ကိုဗစ်ကာကွယ်ဆေးထိုးပြီးသား အမျိုးသမီး ၂၂၂ ယောက်နဲ့ ကာကွယ်ဆေးမထိုးရသေးတဲ့ ၉၈၃ ဦးတို့မှာ မျိုးဥထိန်းသိမ်းနိုင်စွမ်း၊ သန္ဓေအောင်နိုင်စွမ်းနဲ့ ပုံမှန်ခရိုမိုဆုန်းအရေအတွက်ရှိတဲ့ သန္ဓေသားလောင်းရရှိနိုင်စွမ်းတို့မှာတော့ အတူတူနီးပါးဖြစ်နေခဲ့ပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့အမျိုးသမီး ၂၁၄ ဦးနဲ့ ကာကွယ်ဆေးမထိုးထားတဲ့ ၇၃၃ ဦးတို့ရဲ့ သားဥအိမ်မှရရှိလာတဲ့ မျိုးဉတွေကို ခန္ဓာကိုယ်ထဲမှာမဟုတ်ဘဲ ဓာတ်ခွဲခန်းရှိ စမ်းသပ်ဖန်ပြွန်ထဲမှာ အမျိုးသားသုတ်ပိုးနဲ့ သန္ဓေတည်စေကာ မျိုးအောင်လာတဲ့အခါမှာတော့ သန္ဓေသားလောင်းတွေကို အေးခဲထားရကာ အရည်ပျော်လာတော့မှ မိခင်ဝမ်းဗိုက်ထဲသို့ ပြောင်းရွှေ့ရပါတယ်။

အဆိုပါအဖွဲ့နှစ်ဖွဲ့ရဲ့ ကိုယ်ဝန်ရရှိနှုန်းနဲ့ အစောပိုင်းကိုယ်ဝန်ပျက်ကျနိုင်မှုနှုန်းတို့ဟာ ညီတူညီမျှအနေအထားရှိကြောင်း သားဖွားမီးယပ်ဌာနက အင်္ဂါနေ့က ထုတ်ပြန်လိုက်ပါတယ်။

သုတေသီတို့ရဲ့ တွေ့ရှိချက်တွေက ကိုယ်ဝန်ရရှိဖို့ကြိုးစားနေတဲ့ အမျိုးသမီးတွေမှာ ကိုဗစ်ကာကွယ်ဆေးထိုးခြင်းနဲ့ပတ်သက်ပြီး သန္ဓေသားရဲ့ ဖြစ်လာနိုင်တဲ့အနေအထားကို စိတ်ချရအောင် လေ့လာစမ်းသပ်ပေးထားတာဖြစ်ပါတယ်။
Source: Reuters