#WorldHealth

Published 05 January 2022

 

ကိုဗစ်ရောဂါပိုးကူးစက်ထားတဲ့ တစ်အိမ်ထဲနေတဲ့သူကနေ ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ အိမ်သူအိမ်သားတစ်ယောက်ဆီကို အိုမီခရွန်မျိုးဗီဇကွဲကူးစက်နိုင်ချေက ဒယ်လ်တာကူးစက်နိုင်ချေထက် ၃ ဆ ဒါမှမဟုတ် ၄ ဆလောက်အထိရှိပေမယ့် Booster အားမြှင့်ကာကွယ်ဆေးထိုးထားရင်တော့ ကူးစက်နိုင်ချေလျော့နည်းသွားမယ်လို့ တွေ့ရှိခဲ့ကြပါတယ်။

 

သုတေသီတွေက ဒိန်းမတ်နိုင်ငံရှိ အိုမီခရွန်ကူးစက်ခံထားရတဲ့ အိမ်သူအိမ်သား ၂,၂၂၅ ဦးအပါအဝင် အယောက်ပေါင်း ၁၂,၀၀၀ နီးပါးဆီမှ ကူးစက်မှုအချက်အလက်တွေကို ဆန်းစစ်လေ့လာခဲ့ကြပါတယ်။ယေဘုယျအားဖြင့် အိမ်တစ်အိမ်မှာ ပထမတစ်ယောက်ကူးစက်မှုဖြစ်ပွားပြီး နောက်အပတ်မှာ ဒုတိယတစ်ယောက်ရောဂါကူးစက်မှုက ၆,၃၉၇ ဦး ရှိခဲ့ပါတယ်။

 

အခြားကူးစက်နိုင်မှုအခြေအနေတွေကိုပါ ထည့်သွင်းတွက်ချက်ရာ ကိုဗစ်ကာကွယ်ဆေးအပြည့်ထိုးထားတဲ့သူတွေမှာ တစ်အိမ်ထဲအတွင်း အိုမီခရွန်ကူးစက်နိုင်ချေက ဒယ်လ်တာကူးစက်နိုင်ချေထက် ၂.၆ ဆ ပိုများကြောင်း သုတေသီတို့က medRxiv မှာ တနင်္လာနေ့က ဖော်ပြခဲ့ကြပါတယ်။

 

Booster အားမြှင့်ကာကွယ်ဆေးထိုးထားတဲ့ အိမ်ထောင်စုတွေမှာ အိုမီခရွန်ကူးစက်နိုင်ချေက ဒယ်လ်တာကူးစက်နိုင်ချေထက် ၃.၇ ဆနီးပါးပိုများတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။အိုမီခရွန်ကူးစက်ခံရတဲ့ အိမ်ထောင်စုမှလူတွေကိုသာ ကြည့်မယ်ဆိုရင်တော့ booster အားမြှင့်ကာကွယ်ဆေးထိုးထားတဲ့ လူတွေက booster မထိုးရသေးတဲ့လူတွေထက် ကူးစက်နိုင်ချေ ၅၆ ရာခိုင်နှုန်းလျော့နည်းပါတယ်။

 

နောက်တစ်ချက်အနေနဲ့ booster အားမြှင့်ကာကွယ်ဆေးထိုးထားတဲ့လူတစ်ယောက်က အိမ်မှာအရင်ဆုံးရောဂါပိုးကူးစက်ခဲ့မယ်ဆိုရင် တစ်အိမ်ထဲရှိ ကာကွယ်ဆေးမထိုးထားတဲ့သူ ဒါမှမဟုတ် ကာကွယ်ဆေးထိုးပြီး Booster မထိုးရသေးတဲ့သူတွေဆီ ရောဂါပိုးကူးစက်နိုင်ချေ နည်းသွားပါတယ်။ Source Reuters

#Yangon_Media_Group