Published 2 January 2022

တောင်ကိုးရီးယားနိုင်ငံသားတစ်ဦးဟာ အခိုင်အခံ့ပြုထားတဲ့ နယ်စပ်ကိုဖြတ်ကျော်ပြီး မြောက်ကိုးရီးယားနိုင်ငံကို ရှားရှားပါးပါး ခိုလှုံသွားတယ်လို့ တောင်ကိုးရီးယားစစ်တပ်က ဇန်နဝါရီ (၂)ရက် တနင်္ဂနွေနေ့ကပြောပါတယ်။

စနေနေ့ည ၉နာရီမိနစ်၂၀ခန့်မှာ ကိုးရီးယားနှစ်နိုင်ငံအကြားက စစ်မဲ့ဇုံ(DMZ) အရှေ့ဖက်ခြမ်းမှာ လူတစ်ဦးကို တွေ့မိတဲ့ အတွက် ရှာဖွေမှုတွေလုပ်ခဲ့တယ်လို့  ပူးတွဲစစ်ဦးစီးချုပ် JCS ရုံးကပြောပါတယ်။

“ အဲဒီသူဟာ စစ်နယ်နမိတ်လိုင်းကို ည၁၀နာရီမိနစ်၄၀ခန့်မှာ ဖြတ်ကျော်သွားပြီး မြောက်ကိုးရီးယားကို ခိုလှုံသွားတယ်လို့ သတင်းအတည်ပြုပါတယ်” လို့ JCS ကပြောပါတယ်။

ဒါပေမယ့် အဲဒီသူဟာ အသက်ရှင်လျက်ရှိမရှိတော့ မသေချာတဲ့အတွက် မြောက်ကိုးရီးယားဘက်ကို စစ်တပ်ရဲ့အရေးပေါ်ဖုန်း လိုင်းကတစ်ဆင့် အကာအကွယ်ပေးဖို့ အသိပေးထားတယ်လို့ ် JCS ကပြောဆိုပါတယ်။

နယ်စပ်ဖြတ်ကျော်တယ်ဆိုတာ တောင်ကိုးရီးယားမှာ တရားမဝင်တဲ့အလုပ်ဖြစ်ပါတယ်။ ၂၀၂၀နှစ်ဆန်းပိုင်းမှာ နယ်စပ်တွေ ပိတ်လိုက်ပြီး မြောက်ကိုးရီးယားက ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအစီအမံတွေ တင်းတင်းကြပ်ကြပ်လုပ်ဆောင်ခဲ့ကြပါတယ်။

၂၀၂၀ပြည့်နှစ် စတင်ဘာလတုန်းက  ပင်လယ်ထဲပျောက်ဆုံးခဲ့တဲ့ တောင်ကိုးရီးယား ငါးလုပ်ငန်းအရာရှိတစ်ဦးကို မြောက်ကိုးရီးယားက သေနတ်နှင်ပစ်သတ်ခဲ့လို့ ပြည်သူလူထုနှင့် နိုင်ငံရေး အရပါ အုတ်အုတ်ကျက်ကျက်ဖြစ်ခဲ့ဖူးပါတယ်။  အဲဒီအတွက် မြောက်ကိုးရီးယားက တင်းကြပ်တဲ့ ဗိုင်းရပ်စ်စည်းမျည်းတွေကြောင့်လို ပြောခဲ့ပြီး တောင်းပန်ခဲ့ပါတယ်။

အဲဒါမတိုင်ခင် နှစ်လခန့်ကလည်း တောင်ကိုးရီးယားကနေ မြောက်ကိုးရီးယားကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက် လာတဲ့ မြောက်ကိုးရီးယားကိုခိုလှုံသူတစ်ဦးက သူ့မှာ ကိုဗစ်ရောဂါလက္ခဏာရှိတယ်လို့ပြောခဲ့တဲ့အတွက် မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျွန်အမ်က နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာပြီး နယ်စပ်မြို့ကို ပိတ်ဆို့ခဲ့ပါတယ်။

မြောက်ကိုးရီးယားရဲ့ ကာလရှည်လော့ခ်ဒေါင်းနှင့် ပြည်နယ်အချင်းချင်းသွားလာကူးသန်းမှု ကန့်သတ်ချက်တွေကြောင့်  တောင်ကိုးရီးယားကို ခိုလှုံလာတဲ့ မြောက်ကိုးရီးယား အရေအတွက်ဟာ ကာလတစ်လျောက်လုံးမှာ အနည်းဆုံးဖြစ်နေပါတယ်။

၂၀၁၉ခုနှစ် မှာ မလုပ်ဖြစ်လိုက်တဲ့ ထိပ်သီးတွေ့ဆုံပွဲကတည်းက မြောက်ကိုးရီးယားနှင့် အမေရိကန်တို့အကြား နူကလီးယား ဖျက်သိမ်းရေး ညိနှိုင်းဆွေးနွေးမှုတွေ ရပ်တန့်ခဲ့ပြီးနောက် နယ်စပ်ဆက်ဆံရေးတွေ တင်းမာခဲ့ပါတယ်။

တောင်ကိုးရီးယားနှင့် အမေရိကန်ဦးဆောင်တဲ့ ကုလတပ်တွေဟာ  နည်းပညာအရ စစ်ပွဲဆက်ဖြစ်နေတုန်းဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၅၀-၅၃ ကိုးရီးယားစစ်ပွဲဟာ ငြိမ်းချမ်းရေးစာချုပ်တစ်ခုနှင့် ပြီးဆုံးခဲ့တာမဟုတ်ဘဲ စစ်ဆိုင်းဖို့သဘော တူညီမှဒတစ်ခုနှင့် အဆုံးသတ်ခဲ့လို့ဖြစ်ပါတယ်။

Source Reuters