Published 2 January 2021

အမေရိကန်ပြည်ထောင်စု တက္ကဆပ်ပြည်နယ်က မြို့တစ်မြို့မှာ ၂၀၂၁နှစ်ဟောင်းကုန်ဆုံးခါနီး ဒီဇင်ဘာ ၂၉ရက်မှာ ငါးမိုး ရွာခဲ့တယ်လို့ သိရပါတယ်၊

ဒဲလပ်စ်ကနေ မိုင်၂၀၀လောက် ဝေးကွာတဲ့နေရာမှာရှိတဲ့ တက်ဆာကန်နာမြို့ဒေသခံတွေဟာ ကောင်းကင်ပေါ်က ငါးတွေပြုတ်ကျလာပြီး သူတို့ရဲ့အိမ်ခြံဝင်း ဒါမှမဟုတ် လူသွားလမ်းတွေပေါ်ကျနေတာကို  ဗုဒ္ဓဟူးနေ့က မြင်တွေ့ခဲ့ကြရ ပါတယ်လို့ တက္ကဆပ်ဒေသဆိုင်ရာမီဒီယာ KXXV ရဲ့သတင်းပေးပို့ပါတယ်။

“ ၂၀၂၁ခုနှစ်က လှည့်ကွက်တွေကို ဆွဲထုတ်သွားနေတယ်။ တက်ဆာကန်နာမှာ ဒီနေ့ ငါးမိုးရွာတာအပါအဝင်ပေါ့။ ဟင့်အင်း။ ဒါ နောက်တာမဟုတ်ဘူးနော်” လို့ City of Texarkana က ဖေ့စ်ဘုတ်ပို့စ်တစ်ခုမှာရေးထားပါတယ်။

“ငါးမိုးရွာတာဟာ သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး “ တိရိစ္ဆာန်မိုး” လို့ခေါ်ပါတယ်။ ရေသတ္တဝါငယ်ကလေးတွေဖြစ်တဲ့ ဖားတွေ၊ ဂဏန်းတွေနှင့် ငါးသေးကလေးတွေဟာ ရေငွေ့တန်းကြီးနှင့်အတူစုပ်ယူပါလာပြီး မြေပြင်ပေါ်ကျလာတာဖြစ်တယ်လို့ မြို့က ပြောပါတယ်။

ကားဟောင်းဝယ်ရောင်းအလုပ်လုပ်နေတုန်း အပြင်က ဆူငြံသံတွေကြားလိုက်ရတယ်လို့ ဂျိမ်းစ်အောဒရစ်ဆိုသူက ပြောပါ တယ်။

“ မိုးချုန်းသံကြားလိုက်ရပြီး ကျွန်တော်တို့က ပြတင်းပေါက်ကိုဖွင့်ကြည့်လိုက်တဲ့အခါ မိုးပေါက်ပြင်းပြင်းကျလာပြီး ငါးတစ်ကောင်မြေပြင်ကို လာထိတယ်” လို့ သူကပြောပါတယ်။

နောက်တစ်ဦးကတော့ တွစ်တာမှာ ဗွီဒီယိုတင်ထားပြီး “ဟုတ်တယ်။ ကျွန်မအိမ်မှာလည်း ငါးမိုးရွာတယ်” လို့ပုံစာရေးထား ပါတယ်။

ငါးမိုးရွာတာ ဒီတစ်ချိန်က ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ ၂၀၁၇ခုနှစ်တုန်းကလည်း ကာလီဖိုးနီးယားပြည်နယ်၊အိုရိုဗီလီ က မူလတန်းကျောင်းတစ်ကျောင်းက  ဆရာတွေနှင့် ကျောင်းသူကျောင်းသားတွေ သူတို့ရဲ့ ကျောင်းကစားကွင်းနှင့်ခေါင်းမိုးပေါ် ငါးအကောင်၁၀၀လောက်ပြုတ်ကျနေတာတွေ့ခဲ့ရတယ်လို့ သတင်းပေးခဲ့ဖူးပါတယ်။

“ ဒါဟာ အထူးအဆန်းကိစ္စမဟုတ်ပါဘူး။ ဒီကနေ့ တက်ဆာကန်နာရဲ့နေရာတော်တော်များများမှာ ငါးမိုးရွာတဲ့ အထောက် အထားတွေရှိပါတယ်”လို့ the city of Texarkana က ဖေ့စ်ဘုတ်မှာရေးပါတယ်။

“ ပြိးတော့ လူတိုင်းအကျိုးမျှော်ကိုးပြီး ကျွန်တော်တို့ ၂၀၂၂ထဲကို တိတ်ဆိတ်နိုင်သမျှ တိတ်တိတ်ဆိတ်ဆိပ်ပဲ ချင်းနင်း ဝင်ရောက်ကြပါစို့” လို့ ဆက်ရေးသားထားပါတယ်။

ရုပ်သံကြည့်ရှုလိုပါက>>>>https://t.me/yangonmediagroup/3878 တွင်ကြည့်ရှုပါရန်။

Source USA Today