Published 18 July 2021

လွန်ခဲ့တဲ့သုံးပတ်ကမှဝန်ကြီးဖြစ်လာတဲ့ ဗြိတိန်ကျန်းမာရေးဝန်ကြီး ဆာဂျစ်ဂျာဗစ်ဆီမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ သူဟာ ကာကွယ်ဆေးအပြည့်ထိုးပြီးသားဖြစ်ပါတယ်။ဒါပေမယ့် ရောဂါလက္ခဏာဟာ အလွန်ပျော့ပါတယ်လို့ ပြောပါတယ်။ သူဟာ ယခင်ကျန်းမာရေးဝန်ကြီး မက်ဟန်ကော့တစ်ယောက် အရှုပ်တော်ပုံကြောင့်နှုတ်ထွက်သွားပြီနောက် ကျန်းမာရေးဝန်ကြီးအဖြစ်ခန့်အပ်ခံရသူဖြစ်ပါတယ်။

အဲဒါကြောင့် ယူကေဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်နှင့် တရားဝန်ကြီးချုပ်ရီရှီဆန်နက်တို့ သီးသန့်ခွဲခြား နေထိုင်ကောင်းနေထိုင်ရလိမ့် မယ်လို့ တယ်လီဂရပ်ကရေးပါတယ်။

သူဟာ ဝန်ကြီးချုပ်နှင့်တရားဝန်ကြီးချုပ်တို့နှင့်အတူ အချိန်ကြာကြာအစည်းအဝေးလုပ်ပြီးနောက် သောကြာနေ့ညက မူးနောက်နောက်ဖြစ်လာခဲ့ပါတယ်။အဲဒါကြောင့် နောက်တစ်နေ့မနက်မှာ စစ်လိုက်တော့ ပိုးတွေ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ရောဂါလက္ခဏာဟာ အတော်ပျော့ပြီး အခုသူဟာ မိသားစုနှင့်အတူ သီးသန့်သီးခြားနေထိုင်နေယ်လို့ သူက ပြောပါတယ်။

ဘေရစ်ဂျွန်ဆင်ဟာ ပြီးခဲ့တဲ့ နွေဦးတုန်းက ကိုဗစ်-၁၉ရောဂါြဖစ်ပြီး ပြန်သက်သာပျောက်ကင်းခဲ့သူဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ သူဟာ အက်စထရာဇီနီကာ ကာကွယ်ဆေးနှစ်ကြိမ်စလုံးထိုးနှံထားပြီးဖြစ်ပါတယ်။