ယူနက်စကိုရဲ့ ၄၄ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီအစည်းအဝေးကို သောကြနော့က တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်၊ ဖူးဇောင်းမြို့မှာ အွန်လိုင်းနှင့်ပထမဆုံးအကြိမ်ကျင်းပသွားခဲ့ပါတယ်။ ဒီအစည်းအဝေးဟာ ကမ္ဘာ့အမွေအနှစ်ပစ္စည်းတွေကို သုံးသပ်ဖို့ပြုလုပ်တဲ့ အစည်းအဝေးလို့စီဂျီတီအင်န်သတင်းဌာနကပြောပါတယ်။

အခုအစည်းအဝေးကို ၂၀၂၀ခုနှစ်မှာကျင်းပရမှာဖြစ်ပေမယ့် ကိုဗစ်-၁၉ကြောင့် ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။ ၂၀၂၀နှင့် ၂၀၂၁ မှာကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းထားတာတွေကို ဇူလိုင်၃၁ရက်အထိဆွေးနွေးသုံးသပ်ကြမှာပါ။