Published: 7 December 2021

လွန်ခဲ့တဲ့လေးနှစ်ခန့်က ရုပ်ရှင်တွေပိတ်ပင်ခဲ့တာကိုရုပ်သိမ်းပေးခဲ့တဲ့  ဆော်ဒီအာရေဗျနိုင်ငံးဟာ အခုတော့ ရုပ်ရှင်ပွဲတော်ကိုတောင် စတင်ဆင်နွှဲနေကြပါပြီ။ ဆော်ဒီဟာ ပင်လယ်နီမြို့ ဂျက်ဒတ်မှာ ကော်ဇော်နီခင်းထားတဲ့ ပထမဆုံးသော ရုပ်ရှင်ပွဲတော်ကြီးတစ်ခုကို တနင်္လာနေ့က စတင်ဖွင့်လှစ်ခဲ့ပါတယ်။

အဲဒီပွဲတော်ကို‌ ဆော်ဒီ၊အာရပ်နှင့် နိုင်ငံရပ်ခြားက ရုပ်ရှင်မင်းသား၊မင်းသမီးတွေဟာ  ရိုးရာ အာဘာယားဝတ်ရုံအနက်နှင့် အတော်ခြားနားတဲ့ညနေခင်းဝတ်စုံတွေလှပစွာဝတ်စားဆင်ယင်ပြီးကော်ဇော်နီကြီးပေါ်ဖြတ်သန်းလျှောက်လှမ်းလာခဲ့ကြတဲ့ မြင်ကွင်းတွေကို ရုပ်သံတင်ဆက်ထားပါတယ်။

Source: AFP